Connect with us

Latin America

အိုလံပစ်ပွဲ မတိုင်မီ ဘရာဇီးနိုင်ငံ၏ ထိပ်တန်းလုံခြုံရေး တပ်ဖွဲ့ဝင်များ ဆန္ဒပြ

ဘရာဇီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆန္ဒပြ နေကြစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့တွက် စရိတ်များ အချိန်မီရရှိရေးနှင့် ပိုမိုကောင်းမွန်သော တည်ခိုနေထိုင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရေး အတွက် ရီယိုဒီဂျနေရိုမြို့အနောက်ဖက်၌ ဇူလိုင်လ ၁၃ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ တစ်ဝန်းလုံးမှ (Forca Nacional) လုံခြုံရေး တပ်ဖွဲ့အရာရှိများ နှင့် ကဏ္ဍစုံ ပြည်ထောင်စု ပူးပေါင်း ဆောင်ရွက်ရေး ပြည်သူ့ဝန်ဆောင်မှုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၅ ရက်တွင် ရီယိုဒီဂျနေရိုမြို့သို့စုရုံး ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် သြဂုတ်လ နှင့် စက်တင်ဘာလများအတွင်း ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်း အားကစားပြိုင်ပွဲများ၌ အတွင်းစည်း ၊ အပြင်စည် လုံခြုံရေးတာဝန် ထမ်းဆောင်ရကြမည့် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
အဆိုပါ Forca Nacional တပ်ဖွဲ့ဝင်များသည် ရီယိုဒီဂျနေရိုမြို့၌ တာဝန်ထမ်းဆောင်စဉ် အတွင်း ပိုမိုကောင်းမွန်သော တည်းခို နေထိုင်ရေး အစီအစဉ်များ ဖန်တီးပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် တောင်းဆိုမှုများကို လက်ခံပေးခြင်း မရှိပါက ပြိုင်ပွဲအတွင်း၌ လုံခြုံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်မှုများလည်း ပြုလုပ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.