Connect with us

Latin America

မက္ကဆီကိုတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Queretaro ပြည်နယ် ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အပြင်ဘက် တွင် ဒီဇင်ဘာ ၁၁ ရက်က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

Queretaro ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၆း၃၀နာရီတွင် ပြည်နယ် အရှေ့တောင်ပိုင်း Tequisquiapan မြို့ Fuentezuelas လူမှုအသိုင်းအဝိုင်း ရှိ ခရစ်ယာန်ဘုရားကျောင်း အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာသာရေး ပွဲတော်တစ်ခုအတွက် အသုံးပြုမည့် မီးရှူးမီးပန်းများအား လုံခြုံရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများ နှင့် အညီ ထိန်းသိမ်းထားခြင်းမရှိကြောင်း ထိုအဖွဲ့အစည်းက ၎င်း၏ Facebook စာမျက်နှာတွင်ရေးသားခဲ့သည်။

အခင်းဖြစ်ပွားရာ၌ လူ ၄ဦးသေဆုံးခဲ့ပြီး ၅ဦးမြောက် သည် ဆေးရုံသို့ သွားရာလမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။

အခြားလူ ၉ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.