Connect with us

Latin America

မုန်တိုင်း “Maria” ကာရစ်ဘီယံ ကျွန်း နိုင်ငံ ဒိုမီနီကာ ကို ဝင်ရောက် တိုက်ခတ်

မုန်တိုင်း "Maria" တိုက်ခတ် ခံခဲ့ရသည့် ကာရစ်ဘီယံ ကျွန်း နိုင်ငံ ဒိုမီနီကာ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကင်းစတုန်း ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မုန်တိုင်း အဆင့် သတ်မှတ်ချက် အဆင့် ၅ ရှိသော “Maria” မုန်တိုင်း သည် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်း အချိန်တွင် ကာရစ်ဘီယံ ကျွန်း နိုင်ငံ ဒိုမီနီကာ ကို ဝင်ရောက် တိုက်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ဒိုမီနီကာ ဝန်ကြီးချုပ် Roosevelt Skerrit က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် မိမိနေအိမ် ၏ ခေါင်မိုးသည် မုန်တိုင်းကြောင့် လွင့်ထွက်သွားခဲ့ပြီး နေအိမ် သည်လည်း ရေမြှုပ်သွားပြီး ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ရာ ၇ မိနစ် ခန့်အကြာ တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် မိမိ အား ကယ်ဆယ်ရေး အဖွဲ့ မှ ကယ်တင် နိုင်ခဲ့ကြောင်း ထပ်မံ ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံ မုန်တိုင်းစင်တာ က မုန်တိုင်း “Maria” သည် ဒိုမီနီကာ သို့ ဝင်ရောက်ချိန်တွင် အမြင့်ဆုံး လေတိုက်နှုန်း အနေဖြင့် တစ်နာရီလျှင် ၂၆၀ ကီလိုမီတာ ရှိခဲ့ပြီး မုန်တိုင်း “Maria” ကြောင့် ဒေသတွင်း မိုးကြီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပွား လာနိုင်ကြောင်း ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.