Connect with us

Latin America

ကျူးဘားတွင် ဟာရီကိန်းမုန်တိုင်းအာမာကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံး

ကျူးဘားတွင် ဟာရီကိန်းမုန်တိုင်းအာမာ ဝင်ရောက်သွားပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဟာဗားနား၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံတွင် ဟာရီကိန်းမုန်တိုင်း အာမာ (Irma) ဝင်ရောက်တိုက်ခတ်မှုကြောင့် စက်တင်ဘာ ၁၁ရက် တွင် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးဋ္ဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးဋ္ဌာန က ဟာရီကိန်းမုန်တိုင်း အာမာသည် ကျူးဘားနိုင်ငံ နေရာအနှံ့အပြားသို့ ဖြတ်ကျော် ဝင်ရောက်လာပြီးနောက် ပြည်နယ်အသီးသီးတွင် စုစုပေါင်း သေဆုံးသူ ၁၀ထက်မနည်းရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများသည် နိုင်ငံအလယ်ပိုင်း နှင့် အနောက်ပိုင်းတွင် တည်ရှိသော ဟာဗားနား၊ မက်တန်ဇက်စ်၊ ကမ်မန်ဂွေး၊ ဆီရယ်ဂို ဒီ အဗီလာ ပြည်နယ်များမှ ဖြစ်ကြောင်း သိရသည်။

ကနဦးသတင်းရရှိချက်များအရ သေဆုံးသူအများစုသည် အဆောက်အအုံများပြိုကျခြင်း နှင့် နိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းတွင် အလွန်အမင်းရေကြီးခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျူးဘားနိုင်ငံ၏ မြောက်ဘက်ကမ်းရိုးတန်းသို့ ဟာရီကိန်းမုန်တိုင်း အာမာ ဝင်ရောက်ခဲ့ပြီးနောက် မြို့တော် ဟာဗားနားမြို့ ၏ ထိခိုက်ပျက်စီးမှုသည် စက်တင်ဘာ ၁၀ ရက်တွင် ခန့်မှန်းထားသည်ထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။ ဟာရီကိန်းမုန်တိုင်းသည် ကျူးဘားနိုင်ငံ၏ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံများကိုလည်း ထိခိုက်ပျက်စီးစေခဲ့ကြောင်း သိရသည်။

အတ္တလန္တိတ်တွင် အင်အားအပြင်းထန်ဆုံးမုန်တိုင်းအဖြစ် သတ်မှတ်နိုင်သော ဟာရီကိန်းမုန်တိုင်း အာမာသည် ကျူးဘားနိုင်ငံ၏ မြောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်ဖျက်စီးပြီးနောက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ဘက် ကမ်းရိုးတန်းတွင်တည်ရှိသည့် ဖလော်ရီဒါကီးစ် သန္တာကျောက်တန်းကျွန်းစုသို့ တစ်နာရီလျှင် ၂၁၀ကီလိုမီတာအထက်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.