Connect with us

Latin America

ဟာရီကိန်း တိုက်ခိုက်ပြီးနောက် ကျူးဘား ရွေးကောက်ပွဲများ ရွှေ့ဆိုင်း

ကျူးဘားတွင် အာမာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ မြူနီစီပယ် ရွေးကောက်ပွဲများအား တစ်လကြာ ရွှေ့ဆိုင်းရန် ကျူးဘား နိုင်ငံတော် ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ပထမအဆင့်အား မူလက အောက်တိုဘာလ ၂၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က အာမာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် နိုဝင်ဘာလ ၂၆ ရက်တွင် ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလေးထား လုပ်ဆောင်ရန်အတွက် ရွေးကောက်ပွဲများအား ပြန်လည် ရွှေ့ဆိုင်းရမည် ဖြစ်ကြောင်း ကျူးဘား နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန်ဖတ်ကြားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲများ၌ ပထမအဆင့် ဒေသအလိုက်၊ ပြည်နယ်အလိုက် နောက်ဆုံးတွင် နိုင်ငံတော် အရာရှိများအထိ ကောင်စီနှင့် ကိုယ်စားလှယ် အဆင့်ဆင့် မဲပေး ရွေးချယ်ရမည် ဖြစ်သည်။

အသက် ၈၆ နှစ်အရွယ် ရောကက်စထရိုသည် ၂၀၀၈ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ပြီး လာမည့် ဖေဖော်ဝါရီလတွင် ရာထူးမှ အနားယူမည်ဟု မျှော်လင့်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.