Connect with us

Latin America

လော့စ်အိန်ဂျလိစ် လေဆိပ်တွင် သေနတ်ပစ်ခတ်မှုမှာ သတင်းမှားဟုဆို

လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် (LAX) ၌ လူအများ ကြောက်လန့်တကြား ဖြစ်စေခဲ့ သည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည်ဆိုခြင်းသည် သတိပေးချက် မှားယွင်းခြင်းကြောင့် ဖြစ်ကြောင်း လော့စ် အိန်ဂျ်လိစ် ရဲတပ်ဖွဲ့ (LAPD) က အတည်ပြု ပြောကြားလိုက်သည်။

“လေဆိပ်မှာ သေနတ် ပစ်ခတ်မှု ဖြစ်တယ်ဆိုတာ အသံ ဆူညံမှုသာလျှင် ဖြစ်တယ်၊ သေနတ် ပစ်ခတ်မှု မရှိ သလို ဒဏ်ရာရရှိသူလဲ မရှိပါဘူး၊ မတော်တဆမှု ဖြစ်ပွားရတဲ့ တည်နေရာကို စုံစမ်းရှာဖွေနေတယ်” ဟု လော့စ်အိန် ဂျလိစ် ရဲတပ်ဖွဲ့ ညွှန်ကြားရေး အရာရှိ အန်ဒီ နေမန်က ၎င်း၏ တွစ်တာအကောင့်၌ ပြောကြားထားသည်။
သြဂုတ်လ ၂၈ ရက် ဒေသစံတော်ချိန် ည ၉း၀၀ နာရီဝန်းကျင်အချိန်၌ လေဆိပ်တွင် သေနတ်ပစ်ခတ်ကြောင်း သတင်းများရရှိပြီးနောက် လေဆိပ် နေရာများအား ပိတ်ခြင်း၊ လေဆိပ်အတွင်းရှိလူများအား ရွှေ့ပြောင်းခြင်းနှင့် လေဆိပ်အတွင်း ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ပြီး အများပြည်သူအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အားလုံး လုပ်ဆောင်ခဲ့ကြောင်း လော့စ်အိန်ဂျလိစ် လေဆိပ်ရဲတပ်ဖွဲ့က ပြောသည်။
သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း ၉၁၁ က ဖုန်းလက်ခံ ရရှိပြီးနောက် တာဝန်ရှိသူများ စုံစမ်းစစ်ဆေးရန် လော့စ် အိန်ဂျလိစ် လေဆိပ် ခရီးသည် အဝင်အထွက် အဆောက်အအုံ ၄၊ ၅၊ ၇ နှင့် ၈ တို့မှ ခရီးသည်များအား ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
နယူးယောက်မြို့ရှိ ကနေဒီ လေဆိပ်တွင် သတိပေးချက် မှားယွင်းမှု ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယခုလို မှားယွင်း သတိပေးချက် ဖြစ်ပေါ်လာရခြင်း ဖြစ် သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလက လော့စ်အိန်ဂျလိစ် လေဆိပ်၌ အမျိုးသား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေး တစ်ဦး သေဆုံးကာ အခြားလူ သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.