Connect with us

Latin America

အရေးပါသည့် IS အဖွဲ့ဝင်တစ်ဦးအား သတင်းပေးနိုင်ပါက အမေရိကန်က ဆုကြေး ကန်ဒေါ်လာ ၃သန်း ပေးမည်

IS စစ်သွေးကြွအဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော Gulmurod Khalimov အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သည် IS စစ်သွေးကြွအကြမ်းဖက် အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော Gulmurod Khalimov နှင့်ပတ်သက်၍ သတင်းပေးနိုင်ပါက ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် IS စစ်သွေးကြွအကြမ်းဖက် အဖွဲ့၏ အဖွဲ့ဝင် နှင့် တပ်သားစုဆောင်းရေးမှူးတစ်ဦး ဖြစ်သူ Khalimov သည် ယခင်က တာဂျစ်ကစ္စတန်နိုင်ငံ၏ အထူးစစ်ဆင်ရေး တပ်ဖွဲ့ ဗိုလ်မှူးကြီး၊ ရဲမှူး နှင့် စစ်တပ် လက်ဖြောင့်သေနတ်သမား အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းသည် တာဂျစ်ကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အထူးစစ်ဆင်ရေးရဲတပ်ဖွဲ့၏ ရဲမှူးအဖြစ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်အရ သိရသည်။
Khalimov သည် ၂၀၁၅ခုနှစ် မေလတွင် ၁၀မိနစ်စာ ဝါဒဖြန့်ချိမှုဗွီဒီယိုဖိုင်တစ်ခု ထုတ်လွှင့်ခဲ့ပြီး ယင်းဗွီဒီယိုဖိုင်၌ ၎င်းသည် IS အဖွဲ့အတွက် တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့ကို ဆန့်ကျင်၍ အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်သွားရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
Khalimovအား အမေရိကန်နိုင်ငံက အကြမ်းဖက်သမားအဖြစ် အမည်မည်းစာရင်းသွင်းခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ က တားမြစ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာဂျစ်ကစ္စတန် အစိုးရနှင့် နိုင်ငံတကာမှုခင်းဆိုင်ရာရဲအဖွဲ့အစည်း (INTERPOL) တို့ကလည်း Khalimov အား အလိုရှိလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.