Connect with us

Latin America

အမေရိကန် ဗဟိုဘဏ် ကြေညာချက် အပေါ် မူတည်ပြီး အမေရိကန် ဒေါ်လာ မြင့်တက်နိုင်

အမေရိကန် ဒေါ်လာများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် ဗဟိုဘဏ်၏ စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်မည့် ကြေညာချက်အား ရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်းနေသည့် အတွက်ကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် အခြား နိုင်ငံခြား ငွေကြေးများနှင့် လဲလှယ်ရာတွင် မြင့်တက်လျက်ရှိကြောင်း သိရသည်။

အမေရိကန် ဗဟိုဘဏ်သည် နှစ်ရက်ကြာ ငွေကြေး မူဝါဒဆိုင်ရာ အစည်းအဝေးအား စက်တင်ဘာလ ၂၀ ရက်၌ စတင် ကျင်းပနေကြောင်း၊ ယင်း အစည်းအဝေးပြီးနောက် ထွက်ပေါ်လာမည့် ကြေညာချက်အား အနီးကပ် စောင့်ကြည့်နေပြီး အတိုးနှုန်း ပိုမို မြင့်တက်နိုင်မည့် သတင်းအချက်အလက် ပိုမို ရရှိနိုင်ရန် စောင့်ဆိုင်းနေကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေး အချက်အလက်များသည် အေးနေပြီး ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နှုန်းထားအတိုင်းသာ ဆက်လက် ထားရှိလိမ့်မည် ဖြစ်ပြီး စက်တင်ဘာလအတွင်း အတိုးနှုန်းထားကို ပြောင်းလဲဦးမည် မဟုတ်ကြောင်း လေ့လာ ဆန်းစစ်သူများက သုံးသပ်ခဲ့သည်။
ဒေါ်လာလဲနှုန်းများ အနေဖြင့် အခြား အဓိက နိုင်ငံခြားငွေကြေး ခြောက်ခုဖြင့် လဲလှယ်ရာတွင် အမေရိကန် ဒေါ်လာသည် စက်တင်ဘာလ ၂၀ ရက် ဒေသစံတော်ချိန် ဈေးကွက် ပိတ်သိမ်းချိန်၌ ဝ.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
နယူးယောက် အိတ်ချိန်တွင် ယူရိုသည် ၁.၁၁၇၅ ဒေါ်လာမှ ၁.၁၁၆၁ ဒေါ်လာသို့ လည်းကောင်း၊ ဗြိတိန် ပေါင်စတာလင်သည် ၁.၃၀၃၀ ဒေါ်လာမှ ၁.၂၉၇၅ ဒေါ်လာသို့ လည်းကောင်း အသီးသီး ကျဆင်းခဲ့သည်။ သြစတြေးလျ ဒေါ်လာမှာမူ ဝ.၇၅၄၇ ဒေါ်လာမှ ဝ.၇၅၅၀ ဒေါ်လာသို့ ဈေးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.