Connect with us

Latin America

ဘရာဇီးက ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးအား လူသားများ၌ စမ်းသပ်တော့မည်

ကာကွယ်ဆေးထုတ်လုပ်နေသည့် ဓါတ်ခွဲခန်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေရို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် ခြင်မှ ကူးစက်တတ်သည့် ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးအား နောက်နှစ်လအတွင်း လူသားများ၌ စတင်စမ်းသပ်ထိုးနှံပေးတော့မည်ဖြစ်ကြောင်း အဆိုပါသုတေသနလုပ်ငန်း ဦးဆောင်သူ တစ်ဦးက သတင်းထောက်များအား စက်တင်ဘာ ၂၁ ရက် တွင်ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးအား ဘရာဇီးနိုင်ငံပိုင် Butantan သုတေသနဋ္ဌာန နှင့် အမေရိကန်နိုင်ငံမှ သုတေသန ပညာရှင်များ ပူးပေါင်း၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
“ဒီကာကွယ်ဆေးဟာ ဆေးသိပ္ပံနည်းပညာကို လုံးဝတော်လှန်ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်း ဘေးကင်းစွာအသုံးပြုနိုင်မယ့် ကာကွယ်ဆေးဖြစ်ပါတယ်” ဟု Butantan သုတေသနဋ္ဌာန ဒါရိုက်တာ Jogre Kalil ကပြောကြားခဲ့သည်။
ဇီကာဗိုင်းရပ်စ်ပိုးသည် ဦးနှောက်ချို့ယွင်းမှုနှင့် ဆက်စပ်နေပြီး အဓိကအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပိုမိုဆိုးကျိုးသက်ရောက်စေကာ ဦးခေါင်းသေးငယ်သည့် ကလေးငယ်များ မွေးဖွားတတ်ကြောင်း သိရသည်။
ကာကွယ်ဆေးသည် ဖန်တီးထားသည့် ဇီကာဗိုင်းရပ်စ် ပရိုတိန်းမှ တစ်ဆင့် ဇီကာဗိုင်းရပ်စ် ၏ ဒီအန်အေ အား ထည့်သွင်းကာ ရောဂါအား တွန်းလှန်တိုက်ခိုက်ရန် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံစွမ်းအားစနစ်အား လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စမ်းသပ်မှုများ အောင်မြင်ပါက ကာကွယ်ဆေး ထုတ်လုပ်ရန် အတည်ပြုချက်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကတိုက်တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး ယင်းဗိုင်းရပ်စ်ပိုးသည် လွန်ခဲ့သည့်နှစ်အတွင်း ဦးနှောက်ချို့ယွင်းမှု နှင့် အကြောသေခြင်းများအား ဖြစ်ပွားစေသည့် အာရုံကြောထိခိုက်မှုလက္ခဏာများ မြင့်တက်လာခြင်းတို့ နှင့် ဆက်စပ်မှုရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.