Connect with us

Latin America

အီကွေဒေါနိုင်ငံ ဒုတိယသမ္မတ အကျင့်ပျက်ခြစားမှုကြောင့် ရာထူးမှရပ်ဆိုင်းခြင်းခံရ

ရာထူးမှ ရပ်ဆိုင်းခြင်းခံရသော အီကွေဒေါနိုင်ငံ ဒုတိယ သမ္မတ María Alejandra Vicuñaအား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံသမ္မတ Lenín Morenoက တရားစီရင်ရန် စုံစမ်းစစ်ဆေးခံနေရသည့် ၎င်းနိုင်ငံ ဒုတိယသမ္မတ María Alejandra Vicuñaအား ရာထူးမှ ရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။

ဒုတိယသမ္မတနေရာတွင်သမ္မတရုံးအထွေထွေအတွင်းရေးမှူး ဘရီးယိုးနက်စ် က ယာယီတာဝန်ထမ်းဆောင် မည် ဖြစ်ကြောင်း Lenín Morenoက ဆိုသည်။ María Alejandra Vicuñaကလည်း စုံစမ်းစစ်ဆေးမှုများကြောင့် အစိုးရရေးရာ ကိစ္စရပ်များနှောင့်နှေးမှု မရှိစေရန် သမ္မတထံ လစာမဲ့ခွင့်ယူထားကြောင်း ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။

María Alejandra Vicuña လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်တွင်လည်း လစဉ် အဖွဲ့အစည်း ရန်ပုံငွေအဖြစ် မဖြစ်မနေ ၎င်းအား ပေးရကြောင်း၊ ပေးခဲ့သည့် ရန်ပုံငွေများမှာလည်း ၎င်း၏တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှုသာ ဖြစ်သွားကြောင်း ၎င်း၏လက်ထောက်ဖြစ်ခဲ့သူက တစ်ဦးက ဆိုသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ တရားရုံးက စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ María Alejandra Vicuñaကမူ ၎င်းအပေါ်တရားစွဲဆိုမှု များမှာ နိုင်ငံရေးလုပ်ကြံအပုတ်ချမှုသာဖြစ်သည်ဟု ဆိုသည်။

María Alejandra Vicuñaသည် ယခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ ရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ် ရွေးချယ် ခြင်းခံရသူဖြစ်ပြီး အကျင့်ပျက်ခြစားမှုကြောင့် ထောင်ဒဏ်သင့်သူ ဒုတိယသမ္မတ Jorge Glasနေရာတွင် အစားထိုးတာဝန်ထမ်းဆောင်သူဖြစ်ကြောင်းသိရသည်။

အီကွေဒေါနိုင်ငံ၏ဥပဒေအရ သမ္မတက ဒုတိယသမ္မတကို ရာထူးမှဖယ်ရှားခွင့်မရှိသော်လည်း ရာထူးမှ ခေတ္တရပ်ဆိုင်းခွင့်ရှိသည်။ ဒုတိယသမ္မတအနေဖြင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ၃လကျော် တာဝန်ထမ်းဆောင်ခြင်းမရှိပါက အလိုအလျောက်ရာထူးမှ ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.