Connect with us

Latin America

ရှီ၏ ပနားမားခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် မှတ်ကျောက်တွင်စေမည်ဖြစ်ကြောင်း ပနားမား နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela (ယာ)တို့ ပနားမားနိုင်ငံ၌ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပနားမားစီးတီး၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပနားမားခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် မှတ်ကျောက်တွင်စေမည်ဖြစ်ကြောင်း ပနားမားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luis Miguel Hincapie ကပြောကြားခဲ့သည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်တည်ထောင်ခဲ့သည့် ၂၀၁၇ခုနှစ် ဇွန်လကတည်းက စ၍ ပနားမားနိုင်ငံသို့ တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်သည်။

မကြာမီကပြုလုပ်ခဲ့သော ဆင်ဟွာအင်တာဗျူးတစ်ခုတွင် Hincapie က ဒီဇင်ဘာ ၂ရက်တွင် စတင်ခဲ့သော ရှီ၏ ခရီးစဉ် သည် ပနားမားနိုင်ငံ နှင့် ဆက်ဆံရေးကို တရုတ်နိုင်ငံက တန်ဖိုးထားကြောင်း ကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Hincapie က ပနားမားနိုင်ငံသည် တရုတ်နိုင်ငံအတွက် လက်တင်အမေရိကသို့ ဝင်ပေါက်အဖြစ် ဝန်ဆောင်မှုပေးလိုကြောင်း၊ လေကြောင်း နှင့် ရေကြောင်း အများစု ကို ဒေသ၏ ကျန်အစိတ်အပိုင်းများ ချိတ်ဆက်ပေးမည်ဖြစ်ကာ တရုတ်ကုမ္ပဏီများအနေဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ကုန်ပစ္စည်းများကို လက်တင်အမေရိကဈေးကွက်သို့ ဖြန့်ချိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ရက်အထိသွားရောက်မည့် ဥရောပနှင့် လက်တင်အမေရိကခရီးစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဒီဇင်ဘာ ၂ရက်တွင် ပနားမားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရှီ၏ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးအသစ်ကို ခိုင်မာလာစေရန် ပနားမားနိုင်ငံအား ကူညီပေးနိုင်မည်ဖြစ်ကြောင်း Hincapie ကပြောကြားခဲ့သည်။

ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela သည် တရုတ်နိုင်ငံသို့ ၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်ခရီးစဉ်ရောက်ရှိခဲ့သည်။

Hincapie က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ခြင်းကို အားလုံးအတွက် နှင့် နိုင်ငံအတွက် အကျိုးရှိစေသည်ဟု ရှုမြင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေးစတင်တည်ထောင်ခဲ့စဉ်ကတည်းက ပနားမားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့သည်။

၎င်းက နှစ်နိုင်ငံ ပိုမိုနီးကပ်စွာရှိနေသင့်ကြောင်း၊ ပနားမားနိုင်ငံသည် ယင်းသို့ဖြစ်ပေါ်လာစေရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီး ယခုအခါ အကောင်အထည်ပေါ်လာပြီဖြစ်ကြောင်း နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးတည်ထောင်ခြင်းသည် မဟာဗျူဟာမြောက်နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်ကာ ယင်းက ပနားမားနိုင်ငံအတွက် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်တစ်ဦး ကိုရရှိစေကြောင်း ၎င်းကပြောကြားခဲ့သည်။

စီးပွားရေးကဏ္ဍများတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှ ရလဒ်များကို တွေ့မြင်ရရန် စောသေးသော်လည်း တရုတ်-ပနားမား တိုက်ရိုက်လေကြောင်းပျံသန်းမှု နှင့် ပနားမားနိုင်ငံသို့ တရုတ်ကုမ္ပဏီများရောက်ရှိလာမှု တို့အပါအဝင် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် သက်ရောက်မှုများ ရှိနေခဲ့ပြီးဖြစ်ကြောင်း Hincapie ကပြောကြားခဲ့သည်။

ပနားမားနိုင်ငံသည် ထုတ်လုပ်ရေးနိုင်ငံတစ်ခု မဟုတ်ဘဲ ဝန်ဆောင်မှုဖြည့်ဆည်းပေးသည့် နိုင်ငံတစ်ခုသာဖြစ်ကြောင်း၊ မြောက်အမေရိက နှင့် တောင်အမေရိကအကြားတည်ရှိနေခြင်းက ၎င်းအား လေကြောင်းလိုင်းများ ပေါင်းဆုံရာ နေရာတစ်ခုဖြစ်စေခဲ့ကြောင်း၊ ပနားမားတူးမြောင်းသည် ပစိဖိတ်သမုဒ္ဒရာ နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဖြတ်လမ်းတစ်ခုအဖြစ် ဆက်သွယ်ပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတွက် ဝန်ဆောင်မှုပေးနေကြောင်း ပြောကြားခဲ့သည်။

ပနားမားနိုင်ငံသည် ၎င်း၏ ဘူမိပထဝီမြေပြင် အားသာချက်များကို အသုံးပြု၍ တရုတ်နိုင်ငံက အဆိုတင်သွင်းသည့် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု တွင်လည်း ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေသည့် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရေးနှင့် အတူ ယင်းအကောင်အထည်ဖော်မှုသည် ကမ္ဘာကြီးပေါင်းစည်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံ က ပါဝင်လိုခြင်းကို ပြသခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.