Connect with us

Latin America

အာဂျင်တီးနားနိုင်ငံ၏ ရထားလမ်းကွန်ရက်တွင် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်

အာဂျင်တီးနားနိုင်ငံရှိ ဘူတာရုံတစ်ခုတွင် ရပ်နားနေသည့် ရထားတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား အဓိကပူးပေါင်းဆောင်ရွက်မှုများအနက်တစ်ခုက အာဂျင်တီးနားနိုင်ငံ၏ ကုန်စည်နှင့် ခရီးသည်တင် ရထားများအပါအဝင် သက်တမ်းရင့်ရထားလမ်းကွန်ရက်၌ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယခု နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံသည် ငွေကြေး၊ မီးရထားစက်ခေါင်းနှင့် လက်တွေ့ကျသောကျွမ်းကျင်မှုများ ကို ထောက်ပံ့ပေးနေပြီး တရုတ်ကုမ္ပဏီများအတွက် အာဂျင်တီးနားနိုင်ငံက ခိုင်မာသောရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်သည်။

ဤ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် “ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များ” ဆီသို့ ခိုင်မာသောဆက်ဆံရေးအား ဦးဆောင်လမ်းပြဖြစ်မည်ဟု ယုံကြည်ကြောင်း အာဂျင်တီးနားနိုင်ငံ၏ အမျိုးသား ရထားလမ်း စီမံအုပ်ချုပ်မှုလုပ်ငန်း၊ အာဂျင်တီးနား ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အအုံ ဥက္ကဋ္ဌ Guillermo Fiad က ပြောကြားခဲ့သည်။

ရထားလမ်းစီမံကိန်းသည် လက်ရှိတွင် အာဂျင်တီးနားနိုင်ငံ၏ Santa Fe ပြည်နယ်၊ Chaco ပြည်နယ်၊ Santiago del Estero ပြည်နယ်၊ Salta ပြည်နယ်၊ Jujuy ပြည်နယ်နှင့် Tucuman ပြည်နယ်တစ်လျှောက်ရှိ နိုင်ငံ အနောက်မြောက်ပိုင်း စပါးကျီနှင့်အတူ နိုင်ငံ၏ အဓိက ပို့ကုန်အချက်အခြာဆိပ်ကမ်းဖြစ်သော Rosario နှင့် ချိတ်ဆက်ထားသော Belgrano Cargas ကုန်စည်ရထားလမ်းအား ၁၇၀၀ ကီလိုမီတာကျော်အား အသစ်ပြုပြင်ရန် ဗဟိုပြုထားကြောင်း သိရသည်။

“ပန်းတိုင်ကတော့ ရထားလမ်း ကီလိုမီတာ ၁၀၀၀၀ ကို ပြုပြင်ဖို့ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီများအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပါဝင်လုပ်ကိုင်ဖို့ မျှော်လင့်ပါတယ်။ လာမယ့်နှစ်အနည်းငယ်မှာ ကျွန်တော်တို့မှာရှိတဲ့ မျှော်လင့်ချက်တွေကို ရရှိနိုင်မှာပါ” ဟု Fiad က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ၏ ရထားလမ်းကွန်ရက်၏ အဓိကလမ်းပိုင်းနှစ်ခုဖြစ်သော San Martin နှင့် General Urquiza Cargas တို့အပါအဝင် အခြားရထားလမ်းများကိုလည်း အဆင့်မြှင့်တင်သွားမည် ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော အာဂျင်တီးနားနိုင်ငံက ရထားလိုင်း သုံးခုအတွက် တရုတ်နိုင်ငံထုတ် မီးရထားစက်ခေါင်း ၁၀၇ ခုကို ဝယ်ယူရန် ကြည့်ရှုနေကြောင်း၊ တရုတ် မီးရထားကုမ္ပဏီ CRRC ထုတ် မီးရထားယာဉ် ၃၅၀၀ နှင့်အတူ မီးရထားစက်ခေါင်း ၉၇ ခု ဗျူနိုအေးရိစ် ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“နှစ်နိုင်ငံသဘောတူညီချက်တွေအရ တရုတ်ကုမ္ပဏီများနဲ့ ချေးငွေတွေကတစ်ဆင့် တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေက ဒီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အားလုံးနောက်ကွယ်က အဓိကမောင်းနှင်အားတစ်ခုဖြစ်ပါတယ်” ဟု Fiad က ဆိုသည်။

အာဂျင်တီးနားနိုင်ငံ၏ ရထားလမ်း အခြေခံအဆောက်အအုံကဏ္ဍတွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုတစ်ခုမျှ မရရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဟု ဆိုသည်။

ရထားလမ်းများပြင်ဆင်ရန် လိုအပ်သော ငွေကြေး ၇၀ ရာခိုင်နှုန်းထက်မနည်းက တရုတ်နိုင်ငံမှ လာခြင်းဖြစ်ပြီး အာဂျင်တီးနားနိုင်ငံအနေဖြင့် “ဆက်လက်၍ တိုးမြှင့်စေရန်” မျှော်လင့်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် Belgrano Cargas လိုင်း၏ မြန်နှုန်းကို တစ်နာရီလျှင် ၁၅ ကီလိုမီတာမှ ၃၀ ကီလိုမီတာအထိ နှစ်ဆမြှင့်တင်ရန် ရည်မှန်းထားသည်။

တရုတ်နိုင်ငံ၏ အကူအညီနှင့်အတူ အာဂျင်တီးနားနိုင်ငံသည် နိုင်ငံအစွန်အဖျားဒေသနှင့် ဗျူနိုအေးရိစ်ကို ချိတ်ဆက်ထားသည့် လူစီးရထားလိုင်းများကိုလည်း အဆင့်မြှင့်တင်လျက်ရှိသည်။ တောင်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသ၊ မြောက်ပိုင်းဒေသနှင့် ချိတ်ဆက်ထားသော Roca လိုင်း၊ Sarmiento လိုင်းနှင့် Mitre ရထားလိုင်းများအသီးသီးကိုလည်း လွန်ခဲ့သည့်ငါးနှစ်က ကားသစ်များနှင့် အခြားပစ္စည်းကိရိယာများနှင့်အတူ တိုးတက်ခဲ့ပြီဖြစ်သည်။

CRRC Sifang ကုမ္ပဏီမှ တရုတ်နည်းပညာရှင်များက ကွန်ပြူတာစနစ်သုံး စိတ်ချရသောစနစ်များနှင့် အခြားနည်းပညာမြင့် လုပ်ဆောင်ချက်များနှင့်အတူ တပ်ဆင်ထားသည့် ရထားသစ်များ၏ ပြုပြင်ထိန်းသိမ်းရေး အဆင့်မြှင့်တင်ရန် အာဂျင်တီးနားနည်းပညာရှင်များထံ မျှဝေရန် ဗျူနိုအေးရိစ်မြို့မှ ၃၃ ကီလိုမီတာဝေးသော Llavallol ခရိုင်တွင် သင်တန်းပေးလျက်ရှိကြောင်းသိရသည်။

ဗျူနိုအေးရိစ်မြို့တော် ရထားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Roca လိုင်းတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား ၃၀၀ စီး ဖြည့်တင်းထားပြီးဖြစ်သလို နောက်ထပ် စီးရေ ၂၀၀ လည်း ထပ်မံဖြည့်တင်းရန်ရှိသည်ဟု ဆိုသည်။

အဆိုပါ ကားသစ် ၂၀၀ စီးမှာလည်း သင်္ဘောတင်ပို့လိုက်ပြီဖြစ်ကြောင်း၊ ယင်းကားများ ရောက်ပါက လက်ရှိ အသုံးပြုနေသော သက်တမ်းရင့် ဂျပန်ကားများ၏ နေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Guillermo Dietrich ထံမှ သိရသည်။

အဆိုပါ ရထားသစ်များသည် ခရီးသည် လက်ခံနိုင်စွမ်းအား တိုးချဲ့နိုင်သလို သွင်ပြင်လက္ခဏာသစ်များကိုလည်း မိတ်ဆက်နိုင်မည်ဖြစ်သည်။

ရထားကဏ္ဍတွင် မဟာဗျူဟာမြောက် မိတ်ဖက်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် အာဂျင်တီးနားနိုင်ငံတွင် အခြေခံအဆောက်အအုံ မြှင့်တင်ရန် အထောက်အကူဖြစ်စေသည်သာမက သယ်ယူပို့ဆောင်ရေး၊ လူမှုဘဝအရည်အသွေးနှင့် ကုန်သွယ်ရေး၌လည်းပဲ တိုးတက်စေခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုက မရှိမဖြစ်ပါပဲ။ ဒါက အဓိက ကူူညီထောက်ပံ့မှုတစ်ခုဖြစ်ပြီး ဒီနည်းလမ်းအတိုင်း ဆက်လက်သွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု Fiad က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.