Connect with us

Latin America

၂ဝ၂ဝ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒုသမ္မတဟောင်း ဂျွန်ဘိုင်ဒင် ဝင်ပြိုင်မည့်အကြောင်း ကြေညာရန်ရှိ

အမေရိကန်နိုင်ငံ ဒုတိယသမ္မတဟောင်း ဂျွန်ဘိုင်ဒင် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်ဒုသမ္မတဟောင်း ဂျွန်ဘိုင်ဒင်သည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့်အကြောင်းကို ဧပြီ ၂၅ ရက်တွင် ထုတ်ဖော်ကြေညာသွားရန်ရှိကြောင်း ၎င်း၏ မဲဆွယ်လှုပ်ရှားမှုအဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဘိုင်ဒင်သည် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း ဗီဒီယိုရုပ်သံဖိုင်ထုတ်လွှင့်ချက်ကို ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သွားဖွယ်ရှိကြောင်း The Hill ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယင်းနောက်တွင် ဘိုင်ဒင် သည် Pittsburgh သို့သွားရောက်ကာ ပို၍တရားဝင် သက်ဝင်မှုရှိသော အခမ်းအနားတစ်ခုသို့တက်ရောက်မည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

ဧပြီ ၂၂ ရက်တွင် Monmouth တက္ကသိုလ်မှ ထုတ်ပြန်သော မဲစစ်တမ်းတစ်ခုအရ ဘိုင်ဒင်သည် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဦးဆောင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာတွင် ထောက်ခံမှု ၂၇ ရာခိုင်နှုန်းဖြင့် အနိုင်ရနေကြောင်း ၊ ယင်းမှာ ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်၏ အဓိကပြိုင်ဘက်ဖြစ်သော လွှတ်တော်အမတ် Bernie Sanders ရရှိသော ထောက်ခံမှု ၂ဝ ရာခိုင်နှုန်းထက် ပိုမိုများပြားကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း တစ်ဒါဇင်ကျော်သည် ပါတီတွင်း ထောက်ခံမှုအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို ဆောင်ရွက်နေကြပြီး ယင်းတို့ထဲတွင် ဆီးနိတ်အမတ် Kamala Harris နှင့် Elizabeth Warren တို့ပါဝင်သလို ယခင်လွှတ်တော်အမတ်ဟောင်း Beto O’Rourke နှင့် လူကြိုက်များလာသည့် အင်ဒီယားနားပြည်နယ်မြို့တော်ဝန် Pete Buttigiegတို့လည်း ပါဝင်လာကြောင်း သိရသည်။

ဘိုင်ဒင်ကို ပင်ဆူဗေးလ်နီးယားပြည်နယ် Scranton တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် အစိုးရရှေ့နေတစ်ဦးဖြစ်လာသည်။၎င်းသည် ၁၉၇၂ ခုနှစ်တွင် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ခံရပြီး အမေရိကန်သမိုင်းတစ်လျှောက် ၆ ဦးမြောက် အသက်အငယ်ဆုံး လွှတ်တော်အမတ်ဖြစ်လာသည်။ ၎င်းသည် ၂ဝဝ၉ ခုနှစ် မှ ၂ဝ၁၇ ခုနှစ်အထိ အမေရိကန်နိုင်ငံ၏ ၄၇ ယောက်မြောက် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.