Latin America
ဂွာတီမာလာ မီးတောင် ပေါက်ကွဲမှု ကြောင့် လူ ၂၀၀ဦး နီးပါး ပျောက်ဆုံးနေ
ဂွာတီမာလာ စီးတီး၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ဂွာတီမာလာနိုင်ငံ ရှိ Fuego မီးတောင် ပေါက်ကွဲမှုကြောင့် ဇွန် ၅ရက်အထိ လူ ၂၀၀ဦးနီးပါး ပျောက်ဆုံးနေကြောင်း ဂွာတီမာလာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဂွာတီမာလာနိုင်ငံ ဆိုင်ရာ အမျိုးသားမှုခင်းသိပ္ပံဌာန မှ ရရှိသည့် နောက်ဆုံးအချက်အလက်များအရ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇၅ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
Fuego မီးတောင်သည် ဇွန် ၃ ရက် မွန်းတည့်ချိန်ခန့် တွင် စတင်ပေါက်ကွဲခဲ့ပြီး ချော်ရည်ပူများသည် နေ့လည်ပိုင်းတွင် စီးဆင်းလာခဲ့ကြောင်း သိရသည်။
ဂွာတီမာလာနိုင်ငံ သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အမျိုးသား ညှိနှိုင်းဆွေးနွေးရေးဌာန မှ အစီရင်ခံစာအရ ယခုမီးတောင်ပေါက်ကွဲမှုသည် မကြာသေးမီ နှစ်များအတွင်း အပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)