Connect with us

Latin America

မက္ကဆီကိုတွင် သေနတ်သမား ၇ဦးကို ရဲတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့

မက္ကဆီကိုနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဇွန် ၆ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အနောက်ပိုင်း ဂျာလီစကိုပြည်နယ် တွင် ဇွန် ၅ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမား ၇ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံအစိုးရရှေ့နေ တစ်ဦးက ကြေညာခဲ့သည်။

သေနတ်ပစ်ခတ်မှုသည် Encarnacion de Diaz စည်ပင်သာယာနယ်မြေ ရှိ Bajio de San Jose အသိုက်အဝန်း ၌ နံနက် ရး၃၀နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လက်နက်ကိုင်အမျိုးသား ၉ဦးက ရဲလှည့်ကင်းတစ်ခုအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် ဂျာလီစကိုပြည်နယ် အစိုးရရှေ့နေချုပ် က ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမားများအား ပြန်လည်ပစ်ခတ်ခဲ့ပြီး ၇ဦးကို ပစ်သတ်နိုင်ခဲ့ကာ အခြားသေနတ်သမား ၂ဦးမှာ အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် သေနတ်သမားများ မောင်းနှင်လာသော ကား ၂စီး နှင့် ၎င်းတို့အသုံးပြုခဲ့သည့် လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့ဝင်များသည် ဒေသအတွင်း အင်အားဖြည့်ကာ လုံခြုံရေးစောင့်ကြပ်မှုများ ဆောင်ရွက်နေပြီး သေနတ်သမားများအားဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဂျာလီစကိုပြည်နယ် သည် ဂျာလီစကိုမျိုးဆက်သစ်ရာဇဝတ်ဂိုဏ်း ၏ ဌာနချုပ်တည်ရှိရာနေရာဖြစ်ပြီး နိုင်ငံအတွင်းရှိ ရာဇဝတ်မှုကွန်ရက်အကျယ်ပြန့်ဆုံးနေရာများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.