Connect with us

North America

ကနေဒါဝန်ကြီးချုပ်က တိုင်းရင်းသားမျိုးနွယ်စုကလေးငယ်များ၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ခြင်းကို တုံ့ပြန်ရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြု

အော့တဝါ ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒိုက နိုင်ငံအနောက်ပိုင်း Kamloops မြို့ရှိ ယခင်ဒေသခံ မျိုးနွယ်စု စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်ရုပ်အလောင်း ၂၁၅ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းကို တုံ့ပြန်ဆောင်ရွက်ရာတွင် သူ၏ အစိုးရအနေဖြင့် ရှေ့ဆက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ယင်းကိစ္စရပ်အပေါ် တာဝန်ယူတာဝန်ခံမှုအတွက် တောင်းဆိုနေကြစဉ် ပြည်ထောင်စုအစိုးရရုံး အဆောက်အအုံများတွင် အလံတစ်ဝက်ချ လွှင့်ထူ၍ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသမှုအခမ်းအနားသို့သွားရောက်သော ထရူးဒိုက သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ၎င်းအစိုးရအဖွဲ့အနေဖြင့် မည်သို့သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားသင့်သည်ကို ကနေဒါနိုင်ငံတိုင်းရင်းသားမျိုးနွယ်စုဝန်ဆောင်မှုဝန်ကြီးဌာန ဝန်ကြီး Marc Miller ၊ တိုင်းရင်းသားမျိုးနွယ်စုဆက်ဆံရေးဝန်ကြီးဌာနဝန်ကြီး Carolyn Bennett နှင့် မြောက်ပိုင်းရေးရာဝန်ကြီးဌာနဝန်ကြီး Dan Vandal တို့နှင့်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Kamloops အိန္ဒိယန်ဌာနေတိုင်းရင်းသားစာသင်ကျောင်း၌ မြှုပ်နှံထားသော ကလေးငယ်ရုပ်အလောင်း ၂၁၅ လောင်းကို ရှာဖွေတွေ့ရှိကြောင်း မေ ၂၉ ရက်က ဗြိတစ်ကိုလံဘီယာပြည်နယ် Kamloops မြို့ရှိ Tk’emlups te Secwepemc မျိုးနွယ်စုက ကြေညာခဲ့သည်။

ယင်းသို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရှာဖွေတွေ့ရှိမှုကြောင့် ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ်တောင်းဆိုခဲ့ပြီး ကနေဒါနိုင်ငံတစ်ဝှမ်းလုံးရှိပြည်သူများက အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့ကြသည်။

“ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ကိုယ်နဲ့ဝေးရာဆီ ခေါ်သွားရင် ဘယ်လိုခံစားရမလဲ ဆိုတာ ကျွန်တော် မှန်းဆကြည့်လို့တောင်မရဘူး၊ ပြီးတော့ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ကလေးတွေရဲ့မျိုးနွယ်စု မိသားစုဝင်တွေဆီက သူတို့ကို ခိုးသွားတဲ့ ရဲတွေရဲ့ရှက်ဖွယ် လုပ်ရပ်အပေါ် စက်ဆုပ်ရွံရှာမိပါတယ် ” ဟု ထရူးဒို ကဆိုသည်။

“ ခိုင်ခိုင်မာမာအရေးယူသွားမယ်ဆိုတာ ကျွန်တော်တို့ကတိပြုပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေ ၊ မိသားစုဝင်တွေနဲ့ မျိုးနွယ်စုတွေကို ဘယ်လိုထောက်ပံ့မှုမျိုးလုပ်သွားမလဲဆိုတာလဲပါတာပေါ့” ဟု ဝန်ကြီးချုပ်က ဆိုသည်။

“ ဝမ်းနည်းစရာကောင်းပါတယ် ၊ ဒါဟာ ကင်းလွတ်ခွင့်ပေးရမယ့်ဟာတစ်ခု ဒါမှမဟုတ် မတော်တဆဖြစ်ရပ်တစ်ခု လုံးဝ မဟုတ်ပါဘူး ၊ အဲဒါကို ဖုံးကွယ်ထားဖို့လဲမဟုတ်ပါဘူး၊ အမှန်တရားကို ကျွန်တော်တို့အသိမှတ်ပြုလက်ခံရမယ်၊ ဒေသခံကျောင်းတွေက တကယ်ရှိခဲ့တယ်၊ ကျွန်တော်တို့နိုင်ငံ ဒီနေရာမှာ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးက တကယ်ဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့က ဒါကို ဝန်ခံရမှာပါ” ဟု ထရူးဒိုက ဆိုသည်။

ယင်းဒေသအတွင်းရှိ အခြားသော ယခင်က ဖွင့်လှစ်ခဲ့သော မျိုးနွယ်စုစာသင်ကျောင်းများကို စုံစမ်းစစ်ဆေးမှုအပြည့်အဝလုပ်ဆောင်သွားရန် နှင့် ကနဦးထောက်ပံ့မှုများမှတဆင့် စဉ်ဆက်မပြတ်ထောက်ပံ့မှုများလုပ်ဆောင်သွားရန် အတိုက်အခံလွှတ်တော်အမတ်များက ထရူးဒိုအစိုးရအား တိုက်တွန်းထားသည်။

အစိမ်းရောင်ပါတီခေါင်းဆောင် Annamie Paul က ယခုတစ်ကြိမ်ထိတ်လန့်ဖွယ်ရှာဖွေတွေ့ရှိမှုသည် “ ကျွန်တော်တို့ရဲ့ဒေသခံမျိုးနွယ်စုသင်ကြားရေးကျောင်းတွေမှာ မျိုးတုံးသတ်ဖြတ်မှုဆိုတာ လုံးဝသေချာတယ်” ဟုပြောကြားခဲ့ပြီး လူမျိုးစု စာသင်ကျောင်းစနစ်အပေါ် ကျူးလွန်ခဲ့ခြင်းအတွက် ကက်သိုလစ်ဘုရားကျောင်းအနေဖြင့် ဝန်ချတောင်းပန်မှုပြုလုပ်ရန် ထရူးဒိုအစိုးရအဖွဲ့အား တိုက်တွန်းတောင်းဆိုခဲ့သည်။
၂၀၁၅ ခုနှစ်က ကနေဒါနိုင်ငံ အမှန်တရား နှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်က လူမျိုးစုစာသင်ကျောင်းများတွင် ဌာနေတိုင်းရင်းသားများအပေါ် လူးသားမဆန်စွာမှားယွင်းကျူးလွန်ခဲ့သည့် နောက်ဆုံးအစီရင်ခံစာတစ်စောင်ကို တင်သွင်းခဲ့ပြီး ယင်းဖြစ်ရပ်အား ယဉ်ကျေးမှုမျိုးတုံးသတ်ဖြတ်ခြင်းဟူ၍ ခေါင်းစဉ်တပ် အဆုံးသတ်ခဲ့သည်။

အတည်ပြုပြီး ကျောင်းသားပေါင်း ၃,၂၀၀ အသတ်ခံရသည်ဟု ကော်မရှင်က အတည်ပြုခဲ့သည်။ သို့သော် စာရင်းပျောက်နေသော နောက်ထပ်သေဆုံးသူ ထောင်ပေါင်းများစွာရှိနိုင်ကြောင်းကို ရှာဖွေဖော်ထုတ်ရန် ဆက်လက်လုပ်ဆောင်နေသည်။

၁၈၇၀ မှ ၁၉၉၆ ခုနှစ်အတွင်း ဒေသခံလူမျိုးစု စာသင်ကျောင်းများမှ တိုင်းရင်းသားမျိုးနွယ်စု ကလေးငယ်ပေါင်း ၁၅၀,၀၀၀ ကျော် အတင်းအကျပ်ပြုခံရကြောင်း ဖော်ပြထားပြီး နောက်ဆုံးလူမျိုးစုစာသင်ကျောင်းကို ၁၉၉၆ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။(Xinhua)

——————————————————
(English Version)

Trudeau promises further actions in response to discovery of indigenous children’s remains

OTTAWA, May 31 (Xinhua) — Canadian Prime Minister Justin Trudeau said on Monday that his government will take further action in response to the discovery of the remains of 215 children in a former residential school in Kamloops city in western Canada.

Amid calls for accountability and to go beyond lowering flags at federal buildings, Trudeau told a press conference that Canada’s Indigenous Services Minister Marc Miller, Crown-Indigenous Relations Minister Carolyn Bennett and Northern Affairs Minister Dan Vandal will discuss what role his government should be playing.

On Thursday, the Tk’emlups te Secwepemc First Nation in Kamloops city in British Columbia province announced that ground-penetrating radar uncovered the remains of 215 children at the Kamloops Indian Residential School.
The horrific discovery prompted calls for a national day of mourning and saw people across Canada set up memorials.
“As a dad, I can’t imagine what it would feel like to have my kids taken away from me, and as prime minister, I am appalled by the shameful policy that stole Indigenous children from their communities,” said Trudeau.

“We promised concrete action, and that’s how we’ll support survivors, families, and Indigenous peoples,” said the prime minister.
“Sadly, this is not an exception or an isolated incident. We’re not going to hide from that. We have to acknowledge the truth. Residential schools were a reality, a tragedy that existed here, in our country, and we have to own up to it,” added Trudeau.

Opposition MPs urged the Trudeau government to fully fund the investigation of other former residential school sites and to put more sustainable funding towards healing initiatives.

Green Party Leader Annamie Paul said the terrible discovery once again highlights “the absolute genocidal tragedy of our residential school system,” calling on the Trudeau government to demand the Catholic church apologize for its role in the residential school system.

In 2015, Canada’s Truth and Reconciliation Commission issued its final report on the inhumane mistreatment inflicted on Indigenous children at residential schools, concluding that they constituted a cultural genocide.
The commission’s register of confirmed deaths identified 3,200 students but work is still ongoing to uncover what could be thousands of more deaths that went undocumented.

More than 150,000 indigenous children were reportedly forced into residential schools between the 1870s and 1996. The last residential school closed in 1996. Enditem

Children’s shoes are placed on the staircase outside Vancouver Art Gallery during a memorial event for the 215 children whose remains have been found buried at a former Kamloops residential school in Vancouver, British Columbia, Canada, May 29, 2021.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.