Connect with us

North America

ကယ်လီဖိုးနီးယား စာသင်ကျောင်း တွင် ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စာသင်ကျောင်းအနီး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ ရှိ North Park မူလတန်းကျောင်းဝင်း အတွင်း ဧပြီ ၁၀ ရက်က ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အခြားလူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်း KESQ ရုပ်သံလိုင်းက ပစ်ခတ်မှုကြောင့် လူကြီးနှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိခဲ့သော ကျောင်းသား နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။NBCLA သတင်းဋ္ဌာနက နံနက် ၁၀နာရီတွင် ကျောင်းသား နှစ်ဦး နှင့် ဆရာတစ်ဦး ပစ်ခတ်ခံရကြောင်း နှင့် ယင်းဖြစ်ရပ်သည် ဆရာတစ်ဦးပါဝင်သော အိမ်တွင်း အကြမ်းဖက်မှုတစ်ခုမှ အစပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း စာသင်ကျောင်း ပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့သည်ကို ဖော်ပြခဲ့သည်။

ဆန်ဘာနားဒီနို ရဲဋ္ဌာန အကြီးအကဲ Jarrod Burguan က ယခုဖြစ်ရပ်ကို အသေခံပစ်ခတ်မှု တစ်ခုဟု ယူဆပါကြောင်း၊ ပစ်ခတ်မှုသည် စာသင်ခန်းအတွင်းဖြစ်ပွားခဲ့ပြီး ကျောင်းသား နှစ်ဦးကို ဆေးရုံသု့ိပို့ဆောင်ပေးထားကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာ၌ နံနက် ၁၁း၀၂ နာရီက ရေးသားခဲ့သည်။၎င်းက ကနဦးသတင်းရရှိချက်များအရ လူလေးဦးအား ဆေးကုသမှုပေးခဲ့ကြောင်း ကြားသိခဲ့ရပြီး တရားခံမှာ သေဆုံးသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စာသင်ကျောင်းမှ ကျောင်းသားများကို ကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)