Connect with us

North America

အမေရိကန် ကုန်တိုက်တစ်ခုတွင် ပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိ

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကုန်တိုက်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း ရှိ ကုန်တိုက်တစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်သတင်းဋ္ဌာနတစ်ခုက ထုတ်ပြန်ခဲ့သည်။

သေနတ်ပစ်သူသည် အခြားလူနှစ်ဦးအား ပစ်ခတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။ မျက်မြင်ကြုံတွေ့ခဲ့သူများ၏ ပြောကြားချက်အရ လူသတ်သမားသည် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာတွင် ဖွင့်လှစ်ထားသော Coral Gables ကာယသင်တန်းမှ သင်တန်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ ကာယသင်တန်း မန်နေဂျာ Janine Ackerman နှင့် သင်တန်းဆရာ Mario Hortis တို့ဖြစ်ပြီး နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ပစ်ခတ်မှုနောက်ကွယ်မှ အကြောင်းရင်းအား ရှင်းရှင်းလင်းလင်းသိရှိခြင်းမရှိသေးသော်လည်း သေနတ်သမားသည် ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် ယင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၏ပြောကြားချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117