Connect with us

North America

တရုတ်နိုင်ငံအား ငွေကြေးလိုသလိုကစားနေသူအဖြစ် အမေရိကန်နိုင်ငံက တံဆိပ်မကပ်ကြောင်း ထရမ့်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁၃ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအား ငွေကြေးလိုသလို ဆော့ကစားနေသည့် တိုင်းပြည်အဖြစ် တံဆိပ်မကပ်ကြောင်း နှင့် အမေရိကန်ဒေါ်လာသည် အလွန်တောင့်တင်းခိုင်မာမှုရှိကြောင်း ဧပြီလ ၁၂ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

Wall Street ဂျာနယ်ဖြင့် ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဒေါ်နယ်ထရမ့်က “ သူတို့(တရုတ်နိုင်ငံ)ဟာ ငွေးကြေးတန်ဖိုးကို လိုသလိုဆော့ကစားနေသူတွေမဟုတ်ပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒေါ်နယ်ထရမ့်က မကြာသေးခင်နှစ်များတွင် တရုတ်ယွမ်ငွေသည် ဟန်ချက်ညီအဆင့်အတန်း တစ်ခုထိရောက်ရှိနေပြီဖြစ်ကြောင်းကို စီးပွားရေးပညာရှင်များစွာက သုံးသပ်နေစဉ်အတွင်းမှာပင် တရုတ်နိုင်ငံသည် ပို့ကုန်မှတဆင့် အကျိုးအမြတ်ရရှိစေရန် ငွေကြေးတန်ဖိုးကို လိုသလိုဆော့ကစားနေသော တိုင်းပြည် တစ်ပြည် ဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ဖူးသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ၂ဝ၁၅ ခုနှစ်တွင် တရုတ်ယွမ်ငွေတန်ဖိုးသည် မူလတန်ဖိုးထက် မနိုမ့်ကျတော့ကြောင်း ကြေညာခဲ့သည်။အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဒေါ်နယ်ထရမ့်က “အမေရိကန်ဒေါ်လာဟာ အလွန်တောင့်တင်းခိုင်မာလာနေတယ်လို့ကျနော်ထင်ပါတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့် ကျနော့်ရဲ့ မှားယွင်းပြောဆိုမှုပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက ကျနော့်ကို ယုံကြည်ကြတယ်လေ။ဒါပေမယ့် အဲဒီအတွက် ထိခိုက်ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။ (Xinhua)