Connect with us

North America

ကိမ်းဘရစ်ကာနီဗယ်ပွဲတော်တွင် လူ နှစ်ဦး သေနတ်ပစ်ခံရ ၊ သေနတ်သမားအား ဖမ်းမိထား

အမေရိကန်နိုင်ငံ ဘော့စတွန်မြို့ ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘော့စတွန်မြို့၌ စက်တင်ဘာလ ၁ဝ ရက် ညနေပိုင်းက ကိမ်းဘရစ်ကာနီဗယ်ပွဲအတွင်း လူနှစ်ဦး သေနတ်ပစ်ခံရပြီး ၎င်း သေနတ်သမားကို လက်ရ ဖမ်းမိထားကြောင်း မက်ဆာချူးဆက် နည်းပညာသိပ္ပံ (MIT) ရဲတပ်ဖွဲ့က ဆိုသည်။

“ ပစ်ခတ်မှုမှာ 200 Tech Square ၌ ဖြစ်ပွားခဲ့ကြောင်း နှင့် အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က ရှင်းလင်းထားကြောင်း” MIT ရဲတပ်ဖွဲ့က ဒေသစံတော်ချိန် မွန်းလွဲ ၄ နာရီ ၄၈ မိနစ်တွင် တွစ်တာလူမှုကွန်ရက်စာမျက်နှာဖော်တွင် ရေးသားဖော်ပြခဲ့သည်။နောက်ထပ် ၂ဝ မိနစ်အကြာတွင် ရဲတပ်ဖွဲ့တွစ်တာစာမျက်နှာပေါ်၌ သံသယတရားခံကို ဖမ်းဆီးရမိပြီး အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း ထပ်မံဖော်ပြခဲ့သည်။ ထို့ပြင် တရားခံအသုံးပြုခဲ့သော သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်ခံရသူ နှစ်ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်း၌ ဒါဏ်ရာ အနည်းငယ်ရသွားပြီး စိုးရိမ်စရာမရှိကြောင်း အာဏာပိုင်များက ဆိုသည်။ သေနတ်သမားမှာ အသက် ၂၃ နှစ်အရွယ် Michael Coleman ဆိုသူဖြစ်ပြီး ၎င်းအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကိမ်းဘရစ်ရဲတပ်ဖွဲ့ကဆိုသည်။ကိမ်းဘရစ် နှင့် MIT ရဲတပ်ဖွဲ့က ပစ်ခတ်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ၊ အဆိုပါပစ်ခတ်မှုကြောင့် ကာနီဗယ်ပွဲတော်ကို ရပ်တံ့လိုက်ရကြောင်း သိရသည်။

(Xinhua)