Connect with us

North America

ဆိုက်ဘာတိုက်ခိုက်မှုများအတွက် ရုရှားထောက်လှမ်းရေးအရာရှိ ၆ ဦးကို အမေရိကန်စွဲချက်တင်

ဆိုက်ဘာတိုက်ခိုက်မှုများအတွက် စွဲချက်တင်ခံရသော ရုရှားထောက်လှမ်းရေးအရာရှိ ၆ ဦး၏ ဓာတ်ပုံကို အမေရိကန်နိုင်ငံက ထုတ်ဖော်ပြသနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက တစ်ကမ္ဘာလုံးတွင် ကြိမ်ဖန်များစွာ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ၆ ဦးကို စွဲချက်တင်လိုက်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ တရားခံတွေနဲ့ သူတို့ရဲ့အပေါင်းအပါတွေဟာ ပြင်သစ် ၊ ဂျော်ဂျီယာ ၊ နယ်သာလန် ၊ တောင်ကိုရီးယား ၊ ယူကရိန်း ၊ အင်္ဂလန် နဲ့ အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာချိတ်ဆက်မှု ကွန်ရက်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး နှောင့်ယှက်တာ နဲ့ ဖျက်ဆီးတာတွေ လုပ်ကိုင်ခဲ့ပါတယ် ” ဟု အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ယင်း တရားခံ ၆ ဦးသည် ရုရှားလက်နက်ကိုင်တပ်ဖွဲ့စစ်ဦးစီးချုပ်ရုံး၏ စစ်ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော ရုရှားနိုင်ငံ၏ အဓိကထောက်လှမ်းရေးအဖွဲ့အစည်း(GRU) မှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်အရ ဆိုက်ဘာတိုက်ခိုက်မှုများကို ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ၊ ၂၀၁၇ ခုနှစ် ပြင်သစ်ရွေးကောက်ပွဲ ၊ ၂၀၁၈ ပြုံချန်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ၊ အမေရိကန် ဆေးရုံများ နှင့် ဆေးဘက်ဆိုင်ရာအဆောက်အဦများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရာခံများနှင့်အတူ ယင်းတို့၏ အပေါင်းအပါများသည် ကွန်ပြူတာဟက်ခြင်း(hack) ၊ ဆက်သွယ်ရေး လိမ်ညာလှည့်ဖြားခြင်း ၊ အချက်အလက်များခိုးယူရန်ထိုးဖောက်ဝင်ရောက်ခြင်း နှင့် ဒိုမိန်းအမည်တစ်ခုတွင် လိမ်ညာမှတ်ပုံတင်ခြင်း စသည့် စွဲချက်များ အတင်ခံရမည်ဖြစ်သည်။အဆိုပါ တရားခံ ၆ ဦးအနက် တစ်ဦးသည် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်နှောက်ယှက်မှု သံသယရှိသူအဖြစ် ယခင်ကတည်းက စွဲချက်တင်ခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.