Connect with us

North America

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာကြီးအတွက် “အခွင့်အလမ်းသစ်” ဖန်တီးပေးနေကြောင်း အမေရိကန်နိုင်ငံ ကျွမ်းကျင်ပညာရှင်ပြော

အမေရိကန်နိုင်ငံ Executive Intelligence Review မဂ္ဂဇင်း၏ ဝါရှင်တန်ဗျူရိုအကြီးအကဲ William Jones အား တွေ့ရစဉ် (ဓာတ်ပုံ- www.brsn.com)

ဝါရှင်တန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မျှဝေရန်ဆန္ဒရှိခြင်းက ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်တစ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံက ငြိမ်းချမ်းရေးထိန်းသိမ်းမှုနဲ့ စိတ်ကူးဉာဏ်ဖန်တီးမှုတွေအရ အထင်ကရအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရပ်ဝန်းနှင့်ပိုးလမ်းမရော ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး နှစ်ခုလုံးက ကမ္ဘာကြီးကောင်းမွန်ဖို့အတွက် တရုတ်နိုင်ငံက ရှေ့ဆက်ဆောင်ကြဉ်းလျက်ရှိတဲ့ စိတ်ကူးအကြံဉာဏ်တွေပါပဲ” ဟု အမေရိကန်နိုင်ငံ Executive Intelligence Review မဂ္ဂဇင်း၏ ဝါရှင်တန်ဗျူရိုအကြီးအကဲ  William Jones က ပြောကြားခဲ့သည်။ 

“ကမ္ဘာပေါ်မှာရှိသူအများစုကတော့ ဒါဟာ ကျွန်တော်တို့ တကယ်ကို ရှေ့ဆက်ဘယ်လိုလုပ်ဆောင်ချင်လဲဆိုတာပဲ လို့ ပြောကြတယ်။ တရုတ်နိုင်ငံနဲ့ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို မျှဝေဖို့ ဆန္ဒရှိတာက ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်တစ်ခု ဖန်တီးပေးလျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ 

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအောင်မြင်မှုက “သမိုင်းကြောင်းအတွက် မတူညီတဲ့လမ်းညွှန်မှုတစ်ရပ်” ကို ပေးအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများသည် “ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ အရေးပါသော အစိတ်အပိုင်းတစ်ခု” ဖြစ်လိမ့်မည်ဟု Jones က ပြောခဲ့သည်။ 

အဓိကနိုင်ငံကြီး အထူးသဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် “ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ စစ်ရေးအရဖြေရှင်းမှုတွေကနေ ဖယ်ခွာပြီး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒတစ်ခုဆီ ပိုမိုငြိမ်းချမ်းစွာ လမ်းညွှန်ထားသည့် လမ်းညွှန်မှုဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ 

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအရလည်း တရုတ်နိုင်ငံက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း အထက်ပါ ကျွမ်းကျင်ပညာရှင်က ပြောခဲ့သည်။ ကမ္ဘာ့ဖွံ့ဖြိုတိုးတက်မှုက ဆယ်စုနှစ်ပေါင်းများစွာအတွက် ပြောကြားထားခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် “ဆင်းရဲနွမ်းပါးမှုက လျော့ပါးမသွားဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုက အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကရှိ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အဓိကကိစ္စကြီးဖြစ်လာမှာမဟုတ်ပါဘူး” ဟု Jones က ဖြေကြားခဲ့သည်။ 

ရပ်ဝန်းနှင့် ပိုးလမ်းမကြီး အဆိုပြုချက်မှတစ်ဆင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက “ဆင်းရဲနွမ်းပါးမှုကို ရေရှည်မတည်ရှိစေဘဲ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတစ်ခုကို စုပေါင်းကြဖို့” မျှော်လင့်နေကြသည်ဟု Jones က ဆိုသည်။ ၎င်းက ဆက်၍ “တရုတ်နိုင်ငံကတော့ ဒီနေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ ကျွန်တော်ထင်တယ်”  ဟု ပြောကြားခဲ့သည်။  (Xinhua)