Connect with us

North America

ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နျူကလီးယား အရေး ဖြေရှင်းရန် အတွက် အချိန်ကန့်သတ် ထားခြင်းမရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ ပူးတွဲကြေညာ စာတမ်း တွင် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၇ ရက် ၌ လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ အကြား ဆက်သွယ်မှုများ ကောင်းမွန်ချောမွေ့စွာ လုပ်ဆောင်နေကြပြီး အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နျူကလီးယား အရေး ဖြေရှင်းရန် အတွက် အချိန်ကန့်သတ် ထားမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၇ ရက် တွင် အိမ်ဖြူတော် ၌ သတင်းမီဒီယာ များအား တွေ့ဆုံခဲ့ရာ တွင် အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ အကြား ဆက်ဆံရေး မှာ လွန်စွာကောင်းမွန်နေကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ရလဒ် လျင်မြန်စွာ ထွက်ပေါ်လာရန် အတွက် မြောက်ကိုရီးယား နျူကလီးယား အရေး ဖြေရှင်းရန် အချိန်ကန့်သတ် ထားခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁၂ ရက် ၌ စင်ကာပူ နိုင်ငံ တွင် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသစ် ထူထောင်ရန် နှင့် ကိုရီးယား ကျွန်းဆွယ် ရေရှည် ငြိမ်းချမ်းရေး စည်းစနစ် ထူထောင်ရန် ပူးတွဲ ကြေညာစာတမ်း ထုတ်ပြန် ခဲ့သည်။

ဇူလိုင်လ ၁၅ ရက် တွင် အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် တို့ က Panmunjom တွင် အရာရှိအဆင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံဆွေးနွေးမှု မှာလည်း ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမ ဦးဆုံး အကြိမ် အရာရှိ အဆင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.