Connect with us

North America

ဘီလျံနာ ဘဝမှ အမေရိကန် သမ္မတ တစ်ဖြစ်လဲ ဒေါ်နယ်ထရမ့်၏ ရက်ပေါင်း သုံးဆယ်အကောင်းအဆို ဒွန်တွဲနေဟု လေ့လာသူများ သုံသပ်

အမေရိကန် သမ္မတ ဒေါ်နယ် ဂျွန်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘီလျံနာ သူဋ္ဌေးကြီး ဒေါ်နယ် ဂျွန် ထရမ့် (Donald John Trump) က အမေရိကန်နိုင်ငံ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ တစ်လ ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို လက်ရှိအချိန်အထိ ယခင် မည်သည့် အမေရိကန် သမ္မတနဲ့မဆို နှိုင်းယှဉ်ရင် ၎င်းဟာ အငြင်းပွားဖွယ် အနေအထားမှာပဲ ရှိနေဆဲပါပဲ။ သူ့ရဲ့ လုပ်ဆောင်ချက်များကြောင့် တိုက်ခိုက်သူများရှိသလို သူ့ရဲ့ လုပ်ဆောင်ချက်တွေက မှန်ကန်ကြောင်း စောဒက တက်ကြသူတွေလဲ ရှိပါတယ်။

သို့သော်လည်း ဘီလျံနာ ဘဝမှ သမ္မတ အဖြစ်သို့ ကူးပြောင်းလာခဲ့တဲ့ ထရမ့်ကို တစ်လတာ ကာလနဲ့ အပြည့်အဝ အကဲဖြတ်ဖို့ စောလွန်းသေးတယ်လို့ သုံးသပ်ကြပါတယ်။ပြည်တွင်းရေးအပေါ် ရွေးကောက်ပွဲ ကတိများ အကောင်အထည်ဖော်ခြင်းရင်ထဲ ရှိတဲ့ အတိုင်း ကွယ်ဝှက်မထားဘဲ ဟောဟောဒိုင်းဒိုင်း ပြောတတ်သူ ထရမ့်ရဲ့ အပြုအမူကြောင့် တစ်နှစ်တာကာလအတွင်း မီဒီယာတွေ့ရဲ့ မြင်ကွင်းမှာ ထင်ရှားလာခဲ့တဲ့ သမ္မတအဖြစ် တာဝန်ယူပြီး တစ်လအတွင်းမှာပဲ အငြင်းပွားဖွယ်အဖြစ်နဲ့ ဆက်လက် ရှိနေဆဲပါပဲ။

ပြီးခဲ့တဲ့လက ထရမ့်နဲ့ အကြီးတန်း နာမည်ကြီး မီဒီယာများအကြား မကြုံစဖူး စကားစစ်ပွဲများ ဖြစ်ပေါ်ခဲ့တယ်။အမေရိကန် သတင်းစာဆရာအချို့နဲ့ နာမည်ကြီး မီဒီယာ အချို့ကို ထရမ့်က ၎င်း၏ အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး ရေးသား ဖော်ပြထားတဲ့ အကြောင်းအရာတွေအပေါ် “ကမ္ဘာ့ လူသားတွေအပေါ် မရိုးသားသူများ” ၊ “မီဒီယာလိမ်” ၊ “သတင်းအမှား” များဟု ပြောဆိုကာ ထပ်ခါတလဲလဲ ရှုတ်ချခဲ့ပါတယ်။

ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီး တစ်လတာအတွင်းမှာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် ကတိတွေကို အကောင်အထည်ဖော်ဖို့ အငြင်းပွားဖွယ်ရာ ဝေဖန်မှုတွေ ဖြစ်စေခဲ့တဲ့ သမ္မတ အမိန့်များကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တယ်။“ထရမ့်က သူရည်မှန်းထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်တဲ့ ပထမ တစ်လမှာ စိန်ခေါ်မှုကတော့ ရှိနေမှာပဲ” လို့ သမ္မတနှင့် လွှတ်တော် လေ့လာရေး စင်တာမှ လေ့လာဆန်းစစ်သူ ဒန် မာဟပ်ဖ်ဖီ (Dan Mahaffee) က ပြောခဲ့တယ်။ယခုလို လုပ်ဆောင်ထားချက်အရ ထရမ့်က သူရဲ့ မူဝါဒ ရည်မှန်းချက်တွေကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပြီး မဲဆွယ် စည်းရုံးရေး ကတိပြုထားတဲ့အတိုင်း ထောက်ခံမှုတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်မှာ ဖြစ်တယ်လို့ မာဟပ်ဖီက ဆင်ဟွာကို ပြောပါတယ်။တစ်ချိန်ထဲမှာပဲ ထရမ့် အစိုးရ အနေနဲ့ စီမံကိန်း ရေးဆွဲမှု အားနည်းခြင်း၊ အမေရိကန် အစိုးရအဖွဲ့အစည်းများနဲ့ လုပ်ဆောင်ရာမှာ တာဝန်ခွဲဝေမှု မပြည့်စုံခြင်းနဲ့ အခက်အခဲများ ရှိခဲ့ကြောင်း မာဟပ်ဖီက မှတ်ချက်ပေးပါတယ်။

ပြည်တွင်းရေးမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ရပ်အနေနဲ့ ထရမ့်ဟာ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ထိန်းသိမ်းတဲ့အနေနဲ့ အငြင်းပွားဖွယ်ရာ ပြည်ဝင်ခွင့် တားမြစ်အမိန့်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပါပဲ။အစ္စလာမ်နိုင်ငံ ၇ နိုင်ငံရဲ့ ပြည်ဝင်ခွင့်တွေကို တားမြစ်တဲ့ အမိန့်ကို သမ္မတက ထုတ်ပြန်လိုက်ပေမဲ့ ဝါရှင်တန်ပြည်နယ် ပြည်ထောင်စု တရားသူကြီးက ပယ်ချလိုက်ပါတယ်။ ယင်း အချက်က မူဆလင်များနှင့် အမေရိကန် မဟုတ်သူများကို ရည်ရွယ်ခဲ့ပေမဲ့ အကြမ်းဖက်မှုနဲ့ အဆက်အစပ် မရှိတဲ့ သာမာန် ခရီးသွားသူတွေအပေါ် သက်ရောက်မှုများ ရှိခဲ့တယ်။ပြည်ဝင်ခွင့် ပိတ်ခြင်းနဲ့ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းရှည်ကြီး တည်ဆောက်မယ်ဆိုတဲ့ အမိန့်တွေကြောင့် ပြည်တွင်း ပြည်ပ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့တယ်။ကုန်သွယ်မှု ဆန့်ကျင်ရေး အပြောင်းအလဲစီးပွားရေးနဲ့ ပတ်သက်ပြီး ပထမဆုံး သမ္မတအမိန့်အနေနဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေ လက်မှတ်ရေးထိုးထားတဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (North American Free Trade Agreement= NAFTA) ကို ပယ်ဖျက်ကြောင်း ထရမ့်က လက်မှတ်ရေးထိုးခဲ့တယ်။ ပြီးတော့ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ကုန်သွယ်ရေး (Trans-Pacific Partnership= TPP) နဲ့ သမ္မတဟောင်း ဘားရတ် အိုဘားမား လက်ထက်က အခိုင်အမာ လုပ်ဆောင်ထားတဲ့ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တွေကနေ ထွက်မယ်လို့ ထရမ့်က ညွှန်ကြားခဲ့တယ်။

တကယ်တမ်းတော့ NAFTA က ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အလုပ်လက်မဲ့တွေ ကြီးထွားစေခဲ့တဲ့အတွက် အမေရိကန်အတွက် ဆိုးဝါးတဲ့ သဘောတူညီချက် တစ်ခု ဖြစ်တယ်လို့ အလုပ်သမားဆိုင်ရာ စီးပွားရေးပညာရှင်က ပြောပါတယ်။ဒါပေမဲ့ အမေရိကန်-မက္ကဆီကို သွင်းကုန်တွေကို အခွန်ကောက်မယ်ဆိုတာ ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေသလို NAFTA ကို ပယ်ဖျက်လိုက်တဲ့အတွက်လဲ ကုန်ဈေးနှုန်းတွေ မြင့်လာစေနိုင်မယ်လို့ စီးပွားရေး ပညာရှင်အချို့က သုံးသပ်ထားပါတယ်။ထရမ့်ရဲ့ နိုင်ခြားရေး မူဝါဒ ချိန်ညှိမှုကောင်း တစ်ခုနိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကိစ္စရပ်အပေါ် ပထမ တစ်လတာအတွင်း ထရမ့် လုပ်ဆောင်ခဲ့မှုဟာ သူ့ရဲ့ အနေအထားကို ကောင်းမွန်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။အထူးသဖြင့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ဝင် နိုင်ငံများ (North Atlantic Treaty Organization= NATO) အပေါ် ရဲရင့်တဲ့ ရပ်တည်ချက် တစ်ခုပါပဲ။

လတ်တလော ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဥရောပ လုံခြုံရေး ညီလာခံကို သွားရောက်ခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက် ပန့်စ် (Mike Pence) နဲ့ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ် (James Mattis) တို့ကလည်း နေတိုး အဖွဲ့ဝင်နိုင်ငံများက ငွေကြေး မျှဝေ ထည့်ဝင်ရတဲ့အပေါ် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ် ကို ထပ်လောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ရုရှားနဲ့ ဆက်ဆံရေး တင်းမာစေမယ့် အကြောင်းရင်းတစ်ခုကို ပက်ပင်းကြုံတွေ့လိုက်ရတာဟာ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆုတ်ယုတ်မှုကို အကြီးမားဆုံး ဖြစ်စေတဲ့အချက်ပါပဲ။ထရမ့်ရဲ့ အမျိုးသား အကြံပေး အရာရှိဟောင်း မိုက်ကယ်ဖလင်း (Michael Flynn) ကပြီးခဲ့သည့် နှစ် ဒီဇင်ဘာလတုန်းက အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ် Sergey Kislyak နဲ့ တယ်လီဖုန်း ပြောကြားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးမှ နုတ်ထွက်စေခဲ့ပါတယ်။

တရုတ်နိုင်ငံအပေါ် ထရမ့်ရဲ့ မူဝါဒကတော့ တရုတ် တစ်နိုင်ငံတည်း မူဝါဒ (one-China) ကို စောဒက တက်ခဲ့ပေမဲ့လည်း ယခုလ အစောပိုင်းမှာမူ one-China ကို ဂုဏ်ယူကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်နဲ့ ဖုန်း ဆက်သွယ်ပြောဆိုစဉ် ထည့်သွင်း ပြောကြားပြီး သဘောထား ပျော့ပြောင်းလာခဲ့တယ်။ထရမ့်ရဲ့ ရပ်တည်ချက် ပြောင်းလဲလာတဲ့ အပေါ် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ တရုတ် ပညာရှင် Bonnie Glaser က “ထရမ့်အနေနဲ့ သူ့ရဲ့ ထိပ်ပိုင်း အကြံပေးတွေရဲ့ စကားတွေကို လက်ခံပြီး သူ့ရဲ့ သဘောထားတွေကြောင့် ဖြစ်နိုင်တယ်” လို့ ဆင်ဟွာကို ပြောခဲ့ပါတယ်။သို့သော်လည်း တစ်လဆိုတဲ့ အချိန်ကာလက ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး အကဲဖြတ်ဖို့ရာ စောလွန်းပါသေးတယ်လို့ ကျွမ်းကျင်သူများက ကောက်ချက်ချထားကြောင်း သိရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.