Connect with us

North America

အမေရိကန်နိုင်ငံ တွင် လူအုပ်အတွင်းသို့ ပစ်ကပ်ကားတစ်စီးဝင်ရောက်လာမှုကြောင့် လူ၂၀ကျော်ဒဏ်ရာရရှိ

လူအုပ်အတွင်းဝင်ရောက်တိုက်ခဲ့သည့် ကားဒရိုင်ဘာအား ဖမ်းဆီးလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Louisiana ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် New Orleans မြို့တွင် ဖေဖော်ဝါရီ ၂၅ရက် ည က စီတန်းလှည့်လည်ပွဲတော် တစ်ခုအတွင်းသို့ ပစ်ကပ်အမျိုးအစားကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားသည် New Orleansမြို့လယ်ခေါင် တွင်ကျင်းပနေသော Krewe of Endymion စီတန်းလှည့်လည်ပွဲတော် ရှိ လူအုပ် နှင့် အခြားသော ယာဉ်များအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ကုန်တင်ယာဉ်တစ်စီးအား ရပ်တန့်တားဆီးရန် ကြိုးစားရာမှ လူအုပ်အားဝင်တိုက်မိပြီး လူ၂၀ကျော် ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ်များစွာရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက လူအုပ်အတွင်းသို့ ကားဝင်ရောက်လာချိန်တွင် အော်သံများကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ယာဉ်မောင်းသည် ၎င်းလမ်းကြောင်းပေါ်မှ အခြားယာဉ်တစ်စီးအား ဖယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း လမ်းကြောင်းပြောင်း၍ လူအုပ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးကပြောကြားရာတွင် ယာဉ်မောင်းသည် လူအုပ်အတွင်းသို့ဝင်ရောက်လာခြင်းကို သတိပြုမိပုံမရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.