Connect with us

North America

နာမည်ကြီး သတင်းဋ္ဌာန အများစု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ဝင်ရောက်ခွင့် ငြင်းပယ်ခံရ

အိမ်ဖြူတော် ပြန်ကြားရေး ဝန်ကြီး Sean Spicer အားတွေ့ရစဉ် (ဆင်ဟွာ/ရိုက်တာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ၏ ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ နာမည်ကြီး သတင်းမီဒီယာ အများစု ဝင်ရောက်ခွင့် မရခဲ့ကြောင်းနှင့် ယင်းအချက်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မီဒီယာများအကြား တင်းမာမှု ပိုပြီး ဖြစ်လာစေခဲ့ကြောင်း သိရသည်။

အမေရိကန်က Cable News Network, New York Times, Los Angeles Times နှင့် Politico စသော နာမည်ကြီး မီဒီယာတက်ရောက်ခွင့် မရခဲ့သလို ဗြိတိန်က Brith Broadcasting Company, Buzzfeed, Hill, Huffington Post, Daily Mail, New York Daily News နှင့် အခြား ပြည်ပ သတင်းဋ္ဌာနများလည်း အိမ်ဖြူတော် ပြန်ကြားရေး ဝန်ကြီး ရှောင် စပိုက်ဆာ (Sean Spicer) ၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့် မရခဲ့ကြောင်း Axios က သတင်တင်ပြထားချက်အရ သိရသည်။ အဆိုပါ လုပ်ရပ်အပေါ် တုံ့ပြန်သောအားဖြင့် Associated Press နှင့် Time မဂ္ဂဇင်းတို့ သတင်းစာ ရှင်းလင်းပွဲကို သပိတ်မှောက်ခဲ့ကြသည်။

ယင်းနေ့ အစောပိုင်းတွင် သမ္မတ ထရမ့်က ကွန်ဆာဗေးတစ် နိုင်ငံရေး လှုပ်ရှားမှု ညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း အမေရိကန် အကြီးတန်း မီဒီယာများသည် ၎င်း၏ အစိုးရနှင့် ပတ်သက်၍ မမှန်မကန် သတင်းများ ရေးသားမှုကို ရှောင်ရှားကြရန် ထည့်သွင်း ပြောကြားခဲ့သည်။ထို့ပြင် CNN နှင့် New York Times သတင်းဋ္ဌာနများအပါအဝင် အမေရိကန် မီဒီယာ ငါးခုအား အမေရိကန် ပြည်သူများ၏ ရန်သူများဟု အမည်တပ်ခဲ့သည်။ရွေးကောက်ပွဲ ကာလအတွင်း ထရမ့်၏ စည်းရုံးရေးအဖွဲ့နှင့် ရုရှားတို့အကြား ဆက်သွယ်မှုများ နှင့် ပတ်သက်၍ အက်ဖ်ဘီအိုင်၏ စစ်ဆေးမှု ပေါ့လျော့မှုအပေါ် သတင်း မီဒီယာများစွာက ရေးသားခဲ့ကြပြီးနောက် ယခု သီတင်းပတ်အတွင်း ထရမ့်နှင့် မီဒီယာများအကြား ထိပ်တိုက်တွေ့ခဲ့ကြသည်။ (Xinhua)