Connect with us

North America

ဘူဂေးရီးယား – အမေရိကန် စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဉ်တစ်စင်း ရေဒါမှ ပျောက်ဆုံးသွား ၊ ရှာဖွေမှုများ ဆောင်ရွက်နေ

ရုရှားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သော လေ့ကျင့်မှုတစ်ခုတွင် MiG-29 တိုက်လေယာဉ်များနှင့် Su-30SM တိုက်လေယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဆိုဖီယာ ၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ပင်လယ်နက်ပေါ်တွင် ပြုလုပ်သည့် ဘူဂေးရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဘူဂေးရီးယားနိုင်ငံမှ MiG-29 တိုက်လေယာဉ်တစ်စင်းသည် ရေဒါမြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့ပြီး ၎င်းအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဘူဂေးရီးယားနိုင်ငံ အစိုးရက ပြောကြားခဲ့သည်။MiG-29 တိုက်လေယာဉ်သည် “Shabla 21 နည်းဗျူဟာမြောက် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှု အတွင်း လေ့ကျင့်ရေးတာဝန်တစ်ခုကို ဆောင်ရွက်နေစဉ် ဇွန် ၉ ရက် ဒေသစံတော်ချိန် ၀၀:၄၅ နာရီတွင် ရေဒီယိုဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ချက်ချင်းစတင်ခဲ့ပြီး အခုထိ ဆက်လက်ဆောင်ရွက်နေပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းလေ့ကျင့်မှုကို ခေတ္တဆိုင်းငံ့ထားကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

ဘူဂေးရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ website တွင် ဖော်ပြမှုအရ “Shabla 21” လေ့ကျင့်မှုကို ဇွန် ၇ ရက်တွင် စတင်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် အဆုံးသတ်ရန် စီစဉ်ထားကြောင်း ၊ ဘူဂေးရီးယားနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်စုစုပေါင်း ၂,၀၀၀ ကျော် ပါဝင်လေ့ကျင့်နေကြကြောင်း သိရသည်။ (Xinhua)

——————————————————
(English Version)

Fighter jet disappears from radars during Bulgarian-U.S. drill, search underway

SOFIA, June 9 (Xinhua) — A Bulgarian MiG-29 fighter jet has disappeared from radars during a Bulgarian-U.S. drill over the Black Sea, and a search and rescue operation is underway, the government said Wednesday morning.

The MiG-29 aircraft lost radio communication and disappeared from radars at 00:45 local time on Wednesday when performing a training task during the tactical live fire exercise “Shabla 21,” a statement said.

“A search and rescue operation was launched immediately and is ongoing,” it said, adding that the exercise has been suspended.
According to the website of the country’s Defense Ministry, “Shabla 21” began Monday and was planned to end Friday, involving more than 2,000 members of the military staff from the Armed Forces of Bulgaria and the United States. Enditem

1.MiG-29 fighter jets of the Swifts aerobatic team and Su-30SM fighter jets of the Knights aerobatic team fly over Moscow during the rehearsal of the Victory Day air parade on June 20, 2020. Russia is preparing for a military parade on June 24 to mark the 75th anniversary of the Soviet victory against the Nazis in World War II. (Xinhua/Bai Xueqi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.