Connect with us

North America

မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးဖြစ်ပွားပြီး လူ ၂၇ ဦး သေဆုံး

Eta မုန်တိုင်း တိုက်ခတ်မှုကြောင့် အမေရိကအလယ်ပိုင်းဒေသတွင် ရေကြီးမှုဖြစ်ပွားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

မက္ကဆီကိုနိုင်ငံ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၉ ရက်ထုတ်ပြန်ကြေညာချက်အရ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၇ ဦးသေဆုံးကာ လူပေါင်း တစ်သိန်းရှစ်သောင်းကျော် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ကြေညာချက်တွင် လတ်တလောရက်ပိုင်းအတွင်း Eta မုန်တိုင်း နှင့် အအေးလှိုင်းရိုက်ခတ်မှုတို့ကြောင့် မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေများလျင်မြန်စွာမြင့်တက်လာခဲ့ကြောင်း ၊ အချို့မြေနိမ့်ဒေသများတွင် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး အချို့ဒေသများတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ကာ လမ်း နှင့် တံတားအချို့ ပျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံသမ္မတ López က နိုဝင်ဘာ ၉ ရက်၌ ပြောကြားရာတွင် နိုင်ငံအတွင်းရှိ အချို့ဒေသများတွင် နှစ်ပေါင်း ၅၀ တွင် တစ်ကြိမ်သာကြုံတွေ့နိုင်သည့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပြီး ယင်းမှာအလွန်ထူးခြားသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အစိုးရ အနေဖြင့် သဘာဝဘေးဖြစ်ပွားသည့် နေရာများသို့ တပ်ဖွဲ့ဝင်ပေါင်း ထောင်နှင့်ချီ၍ စေလွှတ်ခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

Eta မုန်တိုင်းသည် နိုဝင်ဘာ ၃ ရက်မှစတင်၍ အမေရိက အလယ်ပိုင်းဒေသ ရှိ နိုင်ငံများ၏ ကမ်းရိုးတမ်းဒေသများကို ဝင်ရောက်တိုက်ခတ်သွားခဲ့ကြောင်း ၊ မုန်တိုင်းသည် နီကာရာဂွေးနိုင်ငံမြောက်ပိုင်း ကုန်တွင်းပိုင်း နှင့် ဟွန်ဒူးရပ်စ် နိုင်ငံ အလယ်ပိုင်းတို့ကို ဖြတ်ကျော် ပြီး မက္ကဆီကိုနိုင်ငံ အနီးရှိ ကာရစ်ဘီယံပင်လယ်ပြင် အနီး တို့ဝင်ရောက်သွားကြောင်း နှင့် လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများတွင် လူပေါင်း ဆယ်နှင့်ချီ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.