Connect with us

North America

မြောက်ကိုးရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်ရှုတ်ချ

အမေရိကန်နိုင်ငံအစိုးရအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၇ ရက်(ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်က မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါမြောက်ကိုးရီးယားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံး ပစ်လွှတ်မှုအပေါ် “ ကာလရှည်ကြာကတည်းက ရှိလာခဲ့သော ရန်စသည့်အမူအကျင့် ” ဟု အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer က သတင်းသမားများအားပြောကြားခဲ့ပြီး “ အလွန်စိုးရိမ်စရာ ခြိမ်းခြောက်မှု” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုးရီးယားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည်များအား ခုခံ တားဆီးရန် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း Spicer က ဆိုသည်။

တစ်ချိန်တည်းမှာပင် မြောက်ကိုးရီးယားသတင်းဌာန(KCNA) က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက ကိုးရီးယားပြည်သူ့တပ်မတော် (KPA) ၏ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုကို ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်လွှင့်ခဲ့သည်။

KPA စစ်မဟာဗျူဟာဌာန၏ Hwasong အမြောက်တပ်ယူနစ်မှ ပဲ့ထိန်းဒုံးသည် “ ဂျပန်နိုင်ငံတွင် တပ်စွဲထားသည့် အမေရိကန် စစ်အခြေစိုက်စခန်းများထိ ပစ်ခတ်နိုင်ကြောင်း ” KCNA က သတင်းဖော်ပြခဲ့သည်။

တိုက်ချင်းပစ်ဒုံးကျည်ကို မြေပြင်မှ ပစ်လွှတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အဆင့်ဆင့်ကို ကင်ဂျုံအမ်းက အသေးစိတ်လေ့လာခဲ့ကြောင်း သတင်းဌာနက ဆိုသည်။ မြောက်ကိုးရီးယားနိုင်ငံ၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမှာ အမေရိကန်နိုင်ငံ နှင့် တောင်ကိုးရီးယားနိုင်ငံတို့က ပူးတွဲပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုအချိန်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုးရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ရာရောက်နေသည့်အတွက် တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက မတ်လ ၆ ရက်တွင်ပြောကြားခဲ့ပြီး အဖွဲ့ဝင်အားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်း ထိန်းသိမ်းကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.