Connect with us

North America

အိမ်ဖြူတော်အတွင်း ကျူးကျော်ဝင်ရောက်သူ အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

အိမ်ဖြူတော်အတွင်း လမ်းလျှောက်နေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အိမ်ဖြူတော်အတွင်း မတ်လ ၁၀ ရက် ညနေပိုင်းက ကျူးကျော်ဝင်ရောက်ခဲ့သည့် အမျိုးသား တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ အိမ်ဖြူတော် လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့ က မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အမည်မသိ အမျိုးသား တစ်ဦးသည် သမ္မတ အိမ်တော် တောင်ဘက် ဝင်ပေါက်အနီးတွင် အဖမ်းခံခဲ့ရပြီး ထိုအချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေချိန် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က သမ္မတ သူငယ်ချင်းပါ၊ သမ္မတနဲ့ ချိန်းထားလို့ ခြံစည်းရိုးကို ခုန်ဝင်လာတာ” ဟု အဆိုပါ သံသယရှိသူ၏ ပြောကြားချက်အား ကိုးကား၍ အိမ်ဖြူတော် လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်း အမျိုးသားသည် ပြစ်မှု မှတ်တမ်းရော အိမ်ဖြူတော် လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့၏ ယခင် မှတ်တမ်းတွင်ပါ မပါရှိကြောင်း၊ ၎င်းသည် ကျောပိုးအိတ် တစ်လုံးလွယ်လာသော်လည်း အန္တရာယ်ရှိ ပစ္စည်းများ ပါဝင်လာခြင်း မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.