Connect with us

North America

ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် အလုပ်သမား လျှော့ချကြောင်း အမေရိကန် ထိပ်တန်း ရေနံကုမ္ပဏီ ကြေညာ

ရေနံတွင်းတူးစင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟို့စ်တန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ရေနံဈေး ဆက်တိုက် ကျဆင်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ စတုတ္ထ အကြီးဆုံး ရေနံကုမ္ပဏီ Anadarko Petroleum Corporation က အလုပ်သမား အင်အား ၁၇ ရာခိုင်နှုန်း၊ အလုပ်အကိုင် ၁,၀၀၀ ခန့် လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်း မတ်လ ၁၀ ရက် ကြေညာလိုက်သည်။

လျှော့ချမည့် ဝန်ထမ်း အင်အားဆိုင်ရာ အဆင့်များအား ဂရုတစိုက် တွက်ချက် ရွေးချယ်ခဲ့ပြီးကြောင်း ဟို့စ်တန် အခြေစိုက် ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ခရစ္စတီယန်စန် (John Christiansen) ကပြောသည်။

ယခုနှစ်တွင် ကုမ္ပဏီ ရင်းနှီးငွေ သုံးစွဲမှု ထက်ဝက်ခန့် ဖြတ်တောက်ခြင်းနှင့် ဝန်ထမ်း လျှော့ချရန်အတွက် ဝန်ထမ်းအင်အား ဆိုင်ရာ လိုအပ်များအား တွက်ချက်နေကြောင်း ကုမ္ပဏီက လွန်ခဲ့သည့်လ၌ ပြောကြားခဲ့သည်။

Anadarko Petroleum Corporation ကုမ္ပဏီသည် Colorado, တက္ကဆက်ပြည်နယ် အနောက်ဘက်ရှိ Permian ရေနက်ပိုင်း၊ မက္ကဆီကို ပင်လယ်ကွေ့နှင့် အခြားနေရာများ၌ ရေနံနှင့် ဓာတ်ငွေ့ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း ကတည်းက ရေနံ ထုတ်လုပ်သူများ၊ လက်လီနှင့် ဝန်ဆောင်မှု ပေးသူများသည် အလုပ်အကိုင်ပေါင်း ၃၂၀,၀၀၀ ကျော် လျှော့ချခဲ့ကြောင်း ဟို့စ်တန် အခြေစိုက် အတိုင်ပင်ခံ လုပ်ငန်း တစ်ခုက မတ်လ ၁၀ ရက်က ပြောခဲ့သည်။

အမေရိကန် နိုင်ငံတွင်လည်း တစ်နှစ်ခွဲ ကာလအတွင်း ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍတွင် အလုပ်အကိုင်ပေါင်း ၇၀,၀၀၀ လျှော့ချခဲ့ရသလို ရေနံတွင်းတူးစက် ၁,၄၀၀ အချည်းနှီး ဖြစ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117