Connect with us

North America

“Teddy Bear” ဝက်ဝံအား မျိုးတုံး ပျောက်ကွယ်နိုင်ခြေရှိသည့် မျိုးစိတ်စာရင်းမှ ပယ်ဖျက်

Louisiana ဝက်ဝံနက် တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၂၄ နှစ်ကြာ ကြိုးပမ်းအားထုတ်ကာ ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် “Teddy Bear” ဝက်ဝံရုပ်အဖြစ် ပုံဖော်ထားသည့် Louisiana ဝက်ဝံနက် အမျိုးအစား ဝက်ဝံအား မျိုးတုံးပျောက်ကွယ်ရန် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်စာရင်းများမှ လတ်တလော ဖယ်ရှားလိုက်ကြောင်း သိရသည်။

ထိုစာရင်းအား အမေရိကန်နိုင်ငံ ငါး နှင့် တောရိုင်း တိရစ္ဆာန်ဆိုင်ရာ ဝန်ဆောင်မှုက ယခု ရက်သတ္တပတ်အစော ပိုင်းက ထုတ်ပြန် ကြေညာခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ Louisiana ဝက်ဝံနက် ကောင်ရေ အနည်း ဆုံး ၅၀၀ မှ ၅၇၀ ကြားရှိကြောင်း၊ မျိုးတုံးပျောက်ကွယ်နိုင်ခြေ စာရင်းဝင်ခဲ့သည့် ၁၉၉၂ ခုနှစ်က ကောင်ရေ ၁၅၀ သာ ရှိခဲ့ရာမှ ယခုလို ပမာဏများစွာ တိုးပွားလာခြင်းဖြစ်ကြောင်း သိရသည်။

“Teddy Bear” ဟု လူသိများသော ဝက်ဝံ ဒဏ္ဍာရီမှာ ၁၉၀၂ ခုနှစ်က မစ္စစ္စပီပြည်နယ်အတွင်း အမဲလိုက် ထွက်သည့် အမေရိကန် ယဉ်ကျေးမှုက ပေါ်ထွက်လာခဲ့ပြီး အမေရိကန် သမ္မတဟောင်း Theodore Roosevelt ၏ လက်ထက်တွင် ဝါရှင်တန်ပို့စ် သတင်းစာ၌ ကာတွန်းကားအဖြစ် ပုံဖော်ပြသခဲ့ရာမှ Brooklyn candy-store ပိုင်ရှင်က အကြံရကာ တိရစ္ဆာန်အရုပ်အဖြစ် ဖန်တီးထုတ်လုပ်ရောင်းချခဲ့သည်။

၁၉၈၀ ခုနှစ်တွင်မူ Louisiana ဝက်ဝံနက်များ၏ နေထိုင်မှု ပြောင်းလဲလာခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းများ ကြောင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်၌ မျိုးတုံးပျောက်ကွယ်နိုင်ခြေရှိသည့် တိရစ္ဆာန် မျိုးစိတ် စာရင်းသို့သွင်း ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.