Connect with us

North America

သမ္မတထရမ့်က နယ်စပ်ခြံစည်းရိုးတံတိုင်း အလျင်အမြန်တည်ဆောက်ရန် လိုအပ်ကြောင်းပြောကြား

နယ်စပ်အကာအရံ တံတိုင်းကို ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ရွှေ့ ပြောင်းနေထိုင်သူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အလယ်အမေရိကားမှ ရွှေ့ပြောင်းဝင်ရောက်လာသူများကို တားဆီးရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် နယ်စပ်ခြံစည်းရိုးတံတိုင်းကို အလျင်အမြန်တည်ဆောက်ရန် လိုအပ်ကြောင်း အောက်တိုဘာ ၂၂ ရက် နှောင်းပိုင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဟူစတန်မြို့၏ မြို့လယ်ရှိ တိုယိုတာစင်တာ၌ ပြုလုပ်သည့် လူပေါင်း ၁၈ဝ,ဝဝဝ နီးပါး တက်ရောက်သော “ Make America Great Again” လူထုစုဝေးပွဲအတွင်း မိန့်ခွန်းပြောကြားရာတွင် ထရမ့်က အမေရိကန်နိုင်ငံသို့ဦးတည်ချီတက်လာနေသည့် ကာရေဗီယံမှ ရွှေ့ပြောင်းနေထိုင်သူများသည် “ ကျွနု်ပ်တို့နိုင်ငံကို စော်ကားနေကြောင်း” နှင့် “ နယ်စပ်ခြံစည်းရိုးတံတိုင်းကို လျင်လျင်မြန်မြန်တည်ဆောက်ရန်လိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းတွင် ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ဂွာတီမာလာ ၊ ဟွန်ဒူးရပ်စ် နှင့် အယ်ဆာဗေးဒိုး နိုင်ငံများအား ကူညီထောက်ပံ့နေမှုကို လျှော့ချခြင်း သို့မဟုတ် ဖြတ်တောက်ခြင်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကာရေဗီယံရွှေ့ပြောင်းအခြေချများသည် အမေရိကန်နိုင်ငံ နယ်စပ်ဆီသို့ဦးတည်လာနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်က ထောင်ပေါင်းများစွာသော အများအားဖြင့် ဟွန်ဒူးရပ်စ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများသည် ဂွာတီမာလာနိုင်ငံ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မက္ကဆီကို နိုင်ငံထဲသို့ဝင်ရောက်လာခဲ့ကြောင်း ၊ အဆိုပါ ရွှေ့ပြောင်းအခြေချသူများ၏ ခရီးစဉ်ကို မက္ကဆီကိုနိုင်ငံရဲတပ်ဖွဲ့က တားဆီးမှုတစ်စုံတစ်ရာမပြုဘဲ စောင့်ကြည့်နေခဲ့ကြောင်း သတင်းများက ဆိုသည်။(Xinhua)