Connect with us

North America

ဟေတီအကျဉ်းထောင်ဖောက်ပြေးမှုတွင် လူ ၂၅ ဦးသေဆုံး

ဟေတီနိုင်ငံ၏ မြို့တော် Port-au-Prince တွင် မော်တော်ယာဥ်များ သွားလာနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

မက္ကစီကိုစီးတီး ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ မြို့တော်အနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ဖြစ်ပွားခဲ့သည့် Croix-des-Bouquets အကျဉ်းထောင်ဖောက်ထွက်ပြေးမှုတွင် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်းကို ဟေတီအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

သေဆုံးသူများထဲတွင် အကျဥ်းထောင်အကြီးအကဲတစ်ဦးနှင့် ၂၀၁၉ ခုနှစ်၌ ဖမ်းဆီးခံခဲ့ရသည့် ဟေတီ၏ အဓိက ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဟုဆိုသူ Arnel Joseph တို့လည်းပါဝင်ကြောင်းသိရသည်။

ရဲများအနေဖြင့် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား ၆၉ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး၊ လွတ်မြောက်လျက်ရှိသည့် အကျဉ်းသား ၂၀၀ ဦးခန့် အား ဖမ်းဆီးရမိရန် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဟေတီနိုင်ငံသမ္မတ Jovenel Moise က အကျဥ်းထောင်ဖောက်ထွက်ပြေးမှုကို ရှုတ်ချကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို ယင်းအခြေအနေအားထိန်းချုပ်နိုင်‌ရေး လိုအပ်သော အစီအမံများအားလုံး ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ပြည်သူများ စိတ်အေးအေးထားကြရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)

—————————-
(Englsih Version)
Haiti prison breakout leaves 25 dead

MEXICO CITY, Feb. 26 (Xinhua) — Haitian authorities said Friday that 25 people died during a prison breakout at the Croix-des-Bouquets prison near the capital on Thursday, according to local media.

Among those killed were the head of the prison and Arnel Joseph, who was allegedly head of one of Haiti’s main criminal networks and was arrested in 2019.

The police have managed to arrest 69 inmates escaping from the prison, and are still searching for some 200 inmates who remain at large.

Haitian President Jovenel Moise tweeted on Friday that he condemned the jailbreak and asked people to remain calm, adding that the National Police had been “instructed to take all measures to bring the situation under control.” Enditem

Vehicles drive on an avenue in the city of Port-au-Prince, capital of Haiti, on Jan. 12, 2013. (Xinhua/Zhu Qingxiang)