Connect with us

North America

အမေရိကန်တောင်ပိုင်းတွင် ဆိုးဝါးသည့် ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံး ၊ ၂၄ ဦး ဒဏ်ရာရ


ဟူစတန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်တောင်ပိုင်း နယူးမက္ကစီကိုပြည်နယ်တွင် ဇူလိုင် ၁၅ ရက်က ကားလေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ ဇူလိုင် ၁၅ ရက် ဒေသစံတော်ချိန် နံနက်ပိုင်း ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ မော်တော်ယာဉ်ငယ်တစ်စီးသည် နယူးမက္ကစီကိုပြည်နယ် အမှတ် ၂၅ အမြန်လမ်းတွင် မောင်းနှင်နေစဉ် အရှေ့ကပစ်ကပ်ကားကို ဝင်တိုက်ခဲ့ရာ ဝင်တိုက်သည့် မော်တော်ယာဉ်ငယ်ပေါ်ရှိ ယာဉ်မောင်းမှာ ကားအပြင်သို့လွင့်ထွက်သွားပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ကားအချက်ပြမီးဖွင့်မရဖြစ်နေကြောင်း၊ ထိုအချိန်တွင် ခရီးသည် ၃၃ ဦး တင်ဆောင်လာသည့် အဝေးပြေးခရီးသည်တင်ကားတစ်စီးက အခင်းဖြစ်ပွားသောနေရာကို ရှောင်တိမ်းရာမှ တစ်ဖက် ကားလမ်းကို ဘေးတစောင်းတိမ်းမှောက်ခဲ့ပြီး တစ်ဖက်ကားလမ်းမှ မောင်းနှင်လာသော ထရပ်ကားနှင့် တိုက်မိကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ယာဉ်တိုက်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားသောနေရာကို အစောဆုံး ရောက်ရှိနေသည့် ကယ်ဆယ်ရေးသမားများက တိမ်းမှောက် နေသည့် ခရီးသည်တင်ကားပေါ်တွင် ပိတ်မိနေသည့် ဒဏ်ရာရသူများအား တွေ့ရကြောင်း ၊ ကားပြတင်းပေါက်မှန်များ ခွဲ၍ ဒဏ်ရာရသူများကို ကယ်ထုတ်ခဲ့ရကြောင်း Sandoval မီးသတ်ဌာန အကြီးအကဲက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လက်ရှိတွင် သေဆုံး ဒဏ်ရာရသူ များမှာ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.