Connect with us

North America

အမေရိကန်တွင် လေယာဉ်ပျက်ကျမှုကြောင့် မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

၂၀၁၇ ခုနှစ်က အမေရိကန်ကယ်လီဖိုးနီးယားတွင် ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် )

ချီကာဂို ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ Wisconsinပြည်နယ်တွင် ဇွန်လ ၁၀ရက်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

Cessna 182T လေယာဉ်သည် Wisconsinပြည်နယ် Madisonမြို့ တောင်ဘက် ၆၀ ကီလိုမီတာ အကွာရှိ Monroeမြို့လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် အရှိန်မထိန်းနိုင်ဘဲ ၎င်းလေယာဉ်ကွင်းအနီးရှိ တောအုပ်အတွင်း ပျက်ကျမီးလောင်ခဲ့ရာ လေယာဉ်ပေါ်ရှိ လူ ၄ ဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ လုံခြုံရေးရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါလေယာဉ်မှာ Kenosha မြို့မှ ပျံသန်းခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်၌ အသက် ၁၇နှစ်အရွယ်နှင့် ၁၃ နှစ် အရွယ် မောင်နှမနှစ်ယောက်နှင့်၎င်းတို့၏မိခင်ဖြစ်သူလည်းပါရှိကြောင်း ၊လေယာဉ်မောင်းနှင် သူမှာ ကလေးနှစ်ယောက်၏အဖွားဖြစ်ကြောင်း သိရသည်။

လေယာဉ်သည် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းရပြီး အသေးစိတ် အခြေအနေကိုတော့ စုံစမ်းစစ်ဆေးရန်လိုအပ်သေးကြောင်း သိရသည်။ (Xinhua)