Connect with us

North America

ထရမ့် နှင့် ကင်ဂျုံအန်း တွေ့ဆုံပွဲအပြီး တရုတ် နှင့် တောင်ကိုရီးယားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်မည်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း တို့၏ တွေ့ဆုံပွဲအပြီး ၎င်းသည် တောင်ကိုရီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံသို့ သွားရောက်ကာ အစည်းအဝေးနှင့်ပတ်သက်၍ သတင်းများကို ပြောကြားသွားမည်ဖြစ်ကြောင်း ဇွန် ၇ ရက်ကပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ထိပ်သီးအစည်းအဝေးအပြီး ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများသို့ သွားရောက်ကာ ၎င်းတို့ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံသို့လည်း ဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ Pompeo သည် တောင်ကိုရီးယားနိုင်ငံသို့ ဇွန် ၁၃ ရက်မှ ၁၄ ရက်အထိ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇွန် ၁၄ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခေါင်းဆောင် ၂ဦး တွေ့ဆုံမှုအား အထောက်အပံ့ပေးရန်အတွက် အစိုးရအဖွဲ့တစ်ခုလုံးက အားထုတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပို့ဆောင်ထောက်ပံ့ရေးကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေသည့် စင်ကာပူနိုင်ငံရှိ အမေရိကန်အဆင့်မြင့်အဖွဲ့ကို ရည်ညွှန်း၍ Pompeo ကပြောကြားခဲ့သည်။၎င်းက ထရမ့်နှင့် ကင်ဂျုံအန်းတို့သည် မြောက်ကိုရီးယားအတွက် လုံခြုံရေးဆိုင်ရာ အာမခံချက်များ နှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုတို့ နှင့် ပတ်သက်၍ သေချာပေါက် ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)