Connect with us

North America

အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှုအတွင်း လူ ၉ ဦးဒဏ်ရာရ၊ ၃ ဦး စိုးရိမ်ရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် El Paso မြို့တွင် သေနတ်ထိန်းချုပ်ရေးနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအတွက် စုရုံးကြရာ ကောလိပ်ကျောင်းသူ Jennifer Estrada ပါဝင်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်း ရုဒ်အိုင်းလန်းပြည်နယ် မြို့တော် ပရောဗစ်ဒန့်စ်မြို့တွင် မေ ၁၃ ရက် ညနေပိုင်း၌ အရေအတွက်မသိရသော သံသယရှိသူများက ကားပေါ်မှသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၁၉ နှစ်မှ ၂၅ နှစ်ကြား အမျိုးသမီးတစ်ဦး အပါအဝင် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သေနတ်ပစ်ခတ်မှုသည် အရှေ့ပိုင်းစံတော်ချိန် ည ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ၂၃၀၀ နာရီ) မထိုးမီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများအနက် သုံးဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

သို့သော် ထိုသို့ သေနတ်ပစ်ခတ်မှုမှာ ရမ်းသမ်းပစ်ခတ်ခြင်းမျိုးမဟုတ်ဘဲ အုပ်စုနှစ်စုကြား ရန်ငြိုးကြောင့် ပစ်ခတ်မှုဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“ဒီဖြစ်ရပ်မှာ ပါဝင်တဲ့သူတိုင်းကို ကျွန်တော်တို့ ကောင်းကောင်းကိုင်တွယ်ထားနိုင်ပါတယ်။ လုပ်ကြံတဲ့အုပ်စုက ကားထဲကဖြစ်ပြီး အခြားအုပ်စုကတော့ နေအိမ်ထဲမှာ ဖြစ်ပါတယ်။ သူတို့တွေကို ပရောဗစ်ဒန့်စ်ရဲတပ်ဖွဲ့တွေ ကောင်းကောင်းသိပါတယ်” ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ခန့်မှန်းခြေအားဖြင့် အချက်ရေ ဒါဇင်ပေါင်းများစွာ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာ၌ ရဲတပ်ဖွဲ့က လုံခြုံရေးစည်းတားထားကြောင်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သူ့ကိုမျှ ဖမ်းဆီးရခြင်းမရှိသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဆိုသည်။ (Xinhua)

————————————
(English Version)
9 wounded, 3 critically, in U.S. shooting
2021-05-14 12:28:49
WASHINGTON, May 13 (Xinhua) — Nine people aged 19-25, including one woman, were injured on Thursday evening when an unidentified number of suspects opened fire in a drive-by shooting in Providence, the capital city of the eastern U.S. state Rhode Island, local media reported.
The shooting occurred just before 7 p.m. eastern time (2300 GMT), said the police, noting at least three of the victims are in serious, possibly critical, condition.
However, the police said that the shooting was not random and stemmed from a feud between two groups.
“We have a good handle on everyone that is involved in this incident,” the police said, “the assailant group pulled up in a car, and the other group was at a home… They’re well known to Providence Police.”
An estimated several dozen shots were fired. Police sealed off the area following the shooting, the police added.
No arrests have been made, according to the police. An investigation is underway. Enditem

1-College student Jennifer Estrada takes part in a rally for gun control and anti-racism, in El Paso of Texas, the United States, on Aug. 7, 2019. (Xinhua/Wang Ying)
2- Photo taken on May 4, 2021 shows the White House in Washington, D.C., the United States. (Xinhua/Liu Jie)