Connect with us

WORLD

ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော အမေရိကန်နိုင်ငံသားများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်စရာမလိုဘဲ ပြန်လည်နေထိုင်နိုင်ကြောင်း CDC ထုတ်ပြန်

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး Rochelle Walensky အား တွေ့ရစဉ် (ဓာတ်ပုံ- Amr Alfiky/Pool via Xinhua)

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများအနေဖြင့် လူစုလူဝေးနေရာများအပါအဝင် နေအိမ်အတွင်း သို့မဟုတ် နေအိမ်ပြင်ပတွင်ပါ နှာခေါင်းစည်းများ တပ်ဆင်ရန်လိုအပ်တော့မည်မဟုတ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က မေ ၁၃ ရက်၌ ကြေညာခဲ့သည့် လမ်းညွှန်ချက်အသစ်အရ သိရသည်။

“ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများအနေနဲ့ နေအိမ်အတွင်း အပြင် လှုပ်ရှားမှုတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်း သို့မဟုတ် လူချင်းခပ်ခွာခွာနေထိုင်ခြင်း လုပ်ဆောင်မလိုတော့ဘဲ ပါဝင်နိုင်ပါပြီ။ အကယ်၍ သင်ဟာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူဆိုရင် ကပ်ရောဂါကြောင့် လုပ်ဆောင်ဖို့ ရပ်နားထားရတာတွေကို စတင်လုပ်ဆောင်နိုင်ပါပြီ” ဟု CDC ညွှန်ကြားရေးမှူး Rochelle Walensky က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

CDC အနေဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများအား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နည်းလမ်းပံ့ပိုးခြင်းမှာ နှေးကွေးလွန်းကြောင်း ဝေဖန်မှုများနှင့် Walensky ရင်ဆိုင်ခဲ့ရပြီးနောက် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ခြင်းကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းအတွက်သာမက အမေရိကန်ရှိ လူအားလုံးအတွက် သိပ္ပံနည်းလမ်းကျမှုကို အခြေခံလျက် စိတ်ချရသော ကာကွယ်မှုဖြစ်စေရန်ဖြစ်ကြောင်း CDC ၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် Walensky က ခုခံပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးသူများအကြား “အံ့အားသင့်ဖွယ်” ရောဂါကူးစက်မှု အစီရင်ခံစာများလည်း ရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဘတ်စ်ကား၊ ရထား၊ လေယာဥ်နှင့် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးများဖြင့် ခရီးသွားလာစဥ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်ချက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ခရီးသွားလာခြင်းအတွက် လမ်းညွှန်ချက်ကိုလည်း သိပ္ပံနည်းလမ်းကျ မွမ်းမံထွက်ပေါ်လာမည်ဖြစ်ကြောင်း Walensky က ပြောခဲ့သည်။ ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်လင့်ကစား ဆရာဝန်များ၊ ဆေးရုံများ သို့မဟုတ် သက်ကြီးရွယ်အိုစောင့်ရှောက်မှုဂေဟာများကဲ့သို့ ကာလရှည်စောင့်ရှောက်ရေးနေရာများသို့ သွားရောက်ချိန်တွင်မူ ၎င်းတို့၏ မျက်နှာကို ဖုံးအုပ်ခြင်းနှင့် လူချင်းခပ်ခွာခွာနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်မှာ ဗိုင်းရပ်စ်ဟာ မခန့်မှန်းနိုင်ဘူးဆိုတာကို ကျွန်မတို့ကို ပြသလျက်ရှိပါတယ်။ ဒါကြောင့်အခြေအနေတွေ ဆိုးလာမယ်ဆိုရင်တော့ ဒီလိုအကြံပြုချက်တွေကို ပြောင်းလဲဖို့လိုပါတယ်” ဟု ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

တရားဝင် ကိန်းဂဏန်းတွေအရ မေ ၁၂ ရက်အထိ အမေရိကန်နိုင်ငံရှိ လူဦးရေ ၁၅၄ သန်းခန့်မှာ အနည်းဆုံး COVID-19 ကာကွယ်ဆေး တစ်ကြိမ်စီထိုးနှံပြီးဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံ၏ သုံးပုံတစ်ပုံခန့် လူဦးရေ ၁၁၇.၆ သန်းခန့်သာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Fully-vaccinated Americans can return to life without masks: CDC
Source: Xinhua| 2021-05-14 03:57:18|Editor: huaxia
WASHINGTON, May 13 (Xinhua) — The U.S. Centers for Disease Control and Prevention (CDC) will no longer recommend masks for fully-vaccinated Americans indoors or outdoors, including in crowds, according to its new guidance announced on Thursday.
“Anyone who is fully vaccinated can participate in indoor and outdoor activities, without wearing a mask or physical distancing,” CDC Director Rochelle Walensky told a White House briefing. “If you are fully vaccinated, you can start doing the things that you had stopped doing because of the pandemic.”
The mask mandate was cancelled after Walensky faced criticism for the CDC being too slow to provide a path back to normalcy for fully vaccinated people. Walensky has defended the CDC’s approach as scientifically-based to ensure protection not just for individuals but also the entire U.S. population.
There have been reports of “breakthrough” infections among vaccinated people in the United States.
Meanwhile, the requirement to wear masks during travel — on buses, trains, planes and public transportation — still stands, Walensky said, and the guidance for travel will be updated as science emerges. Even vaccinated individuals must cover their faces and physically distance when going to doctors, hospitals or long-term care facilities like nursing homes.
“The past year has shown us that this virus can be unpredictable, so if things get worse, there is always a chance we may need to make a change to these recommendations,” she added.
According to official figures, as of Wednesday, about 154 million people in the United States have received at least one dose of a COVID-19 vaccine, but only about one-third of the nation, some 117.6 million people, have been fully vaccinated. ■
Rochelle Walensky, director of the U.S. Centers for Disease Control and Prevention (CDC), testifies during a hearing of U.S. House Select Subcommittee on the Coronavirus Crisis in Washington, D.C., the United States, on April 15, 2021. (Amr Alfiky/Pool via Xinhua)