Connect with us

North America

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ဘတ်စ်ကားတိုက်မှုကြောင့် အနည်းဆုံး လူ ၄ဦးသေဆုံး

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို သြဂုတ် ၃၀ရက်ကဖြစ်ပွားခဲ့သည့် ဘတ်စ်ကားတိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် ရဲတပ်ဖွဲ့က နယူးမက္ကဆီကို တွင် သြဂုတ် ၃၀ရက် နေ့လည်ပိုင်းက Greyhound ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ဘတ်စ်ကားပေါ်မှ ခရီးသည်အများအပြား ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်အတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တွစ်တာ မှ တစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အရှေ့ဘက်သို့ဦးတည်လျက် I-40 လမ်းမကြီးပေါ်တွင် မောင်းနှင်နေသော ကုန်ကားတစ်စီး သည် တာယာပေါက်၍ တစ်ဖက်ယာဉ်ကြောမှ Greyhound ဘတ်စ်ကားနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် နယူးမက္ကဆီကိုပြည်နယ် ၏ အကြီးဆုံးဖြစ်သော Albuquerque မြို့ အနောက်မြောက်ဘက် ၁၇၀ကီလိုမီတာခန့်အကွာ Thoreau မြို့ အနီးရှိ I-40 လမ်းမအား ပိတ်ထားခဲ့ရကြောင်း သိရသည်။

Greyhound ကုမ္ပဏီမှ တာဝန်ရှိသူများကို ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ဘတ်စ်ကားသည် Albuquerque မြို့ မှ အရီဇိုးနားပြည်နယ် ရှိ ဖီးနစ်မြို့သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ခရီးသည် ၄၇ဦး လိုက်ပါလာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.