Connect with us

North America

အမေရိကန်ပြည်ထောင်စုအေဂျင်စီက ဂျိုးဘိုင်ဒန်၏ သမ္မတရာထူးလွှဲပြောင်းရယူရေးအတွက် မီးစိမ်းပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ နိုဝင်ဘာ ၇ ရက်က ရွေးကောက်ပွဲရလဒ်အား လေးစားရန် ဂျိုးဘိုင်ဒန်ထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံအထွေထွေအုပ်ချုပ်ရေးအဖွဲ့(GSA)က ဂျိုးဘိုင်ဒန်အား တရားဝင် သမ္မတရာထူးလွှဲပြောင်းရေးအစီအစဉ် စတင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

GSA စီမံခန့်ခွဲရေးမှူး Emily Murphy က ဂျိုးဘိုင်ဒန်ထံသို့ပေးပို့သော စာတစ်စောင်တွင် သူမ အနေဖြင့် ဂျိုးဘိုင်ဒန်၏ အိမ်ဖြူတော်သွားရာလမ်း သမ္မတရာထူးလွှဲပြောင်းရေးအစီအစဉ်အတွက် “ ရွေးကောက်ပွဲအလွန် အရင်းအမြစ်များ နှင့် ဆောင်ရွက်ဖွယ်ရာများ” ကို ပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မကြာသေးခင်က ရွေးကောက်ပွဲရလဒ်များအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှုများရှိနေလင့်ကစား ၎င်းအနေဖြင့် “ ဉပဒေ နဲ့ အချက်အလက်တွေ အပေါ်အခြေခံပြီး လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခဲ့ပါတယ်” ဟု စီမံခန့်ခွဲရေးမှူး Emily က ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ နိုဝင်ဘာ ၇ ရက်က ရွေးကောက်ပွဲရလဒ်အား လေးစားရန် ဂျိုးဘိုင်ဒန်ထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ်(ဆင်ဟွာ)

ယင်းနေ့မှာပင် သမ္မတဒေါ်နယ်ထရမ့်က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် “ ကနဦးလုပ်ကိုင်ရမယ့် လုပ်ငန်းစဉ် အစီအစဉ်တွေအတွက် လိုအပ်မယ့်ဟာတွေကို လုပ်ထားပြီးပါပြီ” ဟူ၍ GSA ၏ ဆောင်ရွက်ချက်များကို ၎င်းက အသိအမှတ်ပြုပြောကြားခဲ့သည်။ ရွေးကောက်ပွဲရှုံးနိုမ့်သည်ကို လက်မခံဘဲ ရှိနေဆဲဖြစ်သော်လည်း ထရမ့်သည် ၎င်း၏အဖွဲ့အား ဘိုင်ဒန်၏ သမ္မတရာထူးလွှဲပြောင်းရေး လုပ်ငန်းစဉ်များအတွက် တိုက်ရိုက်ညွှန်ကြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ပြည်နယ်များစွာတွင် ဥပဒေကြောင်းအရ တရားစွဲဆိုမှုများ ပြုလုပ်ထားသည်ကို ရည်ညွှန်း၍ သမ္မတထရမ့်က “ ကျွန်တော်တို့အမှုက ခိုင်ခိုင်မာမာပဲ ဆက်သွားနေပါတယ် ၊ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ကျွန်တော်တို့ ဆက်ထိန်းထားပါတယ် ၊ ကျွန်တော်တို့ အသာစီးရမယ်လို့ ယုံကြည်ပါတယ် ” ဟု ဆိုသည်။သို့သော်လည်း အာဏာလွှဲပြောင်းရေး အစီအစဉ်ကို စတင်ရန် ခွင့်ပြုလိုက်ခြင်းမှာ “ ကျွန်တော်တို့နိုင်ငံရဲ့အကောင်းဆုံး အကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)