Connect with us

North America

ဘရာဇီးနိုင်ငံ လေကြောင်းလုပ်ငန်းကဏ္ဍ ဒီဇင်ဘာလတွင် ၈၀ ရာခိုင်နှုန်းပြန်လည်ထူထောင်လာမည်ဟုမျှော်လင့်

ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့ရှိ Congonhas လေဆိပ်၌ LATAM လေယာဉ်တစ်စင်း ဆင်းသက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘရာဇီးလ်လေကြောင်းသွားလာမှုလုပ်ငန်းသည် COVID-19 ကပ်ရောဂါ၏ပြင်းထန်သည့် သက်ရောက်မှုမှ ပြန်လည်ဦးမော့လာခဲ့ပြီး ဒီဇင်ဘာတွင် ပြီးခဲ့သည့်နှစ် အလားတူကာလက စာရင်းရှိခဲ့သည့်ပမာဏ၏ ၈၀ ရာခိုင်နှုန်း ပြန်လည်ပတ်နိုင်ရန်မျှော်လင့်ထားကြောင်း လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် အသွားအလာပိတ်ဆို့ထားသည့်ကာလအတွင်း ဘရာဇီးနိုင်ငံ၏ ပျှမ်းမျှ နေ့စဉ်လေကြောင်းခရီးစဉ်များမှာ မူလက ၂,၅၀၀ ရှိရာမှ ၂၀၀ ခန့်အထိ လျော့ကျခဲ့ကြောင်း အမျိုးသား အရပ်ဘက်လေကြောင်းသွားလာရေး အတွင်းရေးမှူးရုံး အကြီးအကဲ Ronei Glanzmann က အခြေခံအဆောက်အအုံဝန်ကြီးဌာနမှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောခဲ့သည်။

COVID-19 ကူးစက်မှုမြင့်မားသည့်လများအတွင်း ဘရာဇီးလေကြောင်းလိုင်းများမှာ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု ၉၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရကြောင်း ၎င်းက ဆိုသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဘရာဇီး လေကြောင်းလိုင်းများ၏ လုပ်ဆောင်မှုများမှာ အနည်းငယ်ဦးမော့တိုးတက်လာခဲ့ကြောင်း၊ ယင်းသည် အခြားတောင်အမေရိကနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အသိအမှတ်ပြုလောက်ဖွယ် အရေအတွက်ဖြစ်ကြောင်း Glanzmann က ပြောခဲ့သည်။

ဒီဇင်ဘာတွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များမှာ ပြီးခဲ့သည့်နှစ်၏ ၄၅ ရာခိုင်နှုန်း ရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“နိုင်ငံတကာဈေးကွက်မှာတော့ အခြားဈေးကွက်တွေကို မှီခိုနေရတာကြောင့် ပြန်လည် နာလန်ထူဖို့က ပိုပြီး နှေးကွေးပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117