Connect with us

North America

အမေရိကန်မဲဆန္ဒရှင်အများစုက ဒေါ်နယ်ထရမ့်အပေါ် စွပ်စွဲပြစ်တင်ခြင်းအား လက်မခံ

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသား မဲဆန္ဒရှင်အများစုက သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်က စတင်ကြိုးပမ်းနေခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် မဲစစ်တမ်းအသစ် အရသိရသည်။

အမေရိကန်မဲဆန္ဒရှင်များအနက် သမ္မတအား စွပ်စွဲပြစ်တင်ပြီး အရေးယူရန် ကွန်ဂရက်အား လုပ်ဆောင်စေလိုခြင်း မရှိကြောင်း ထောက်ခံသူ ၅၆ ရာခိုင်နှုန်း နှင့် ကန့်ကွက်သူ ၃၆ ရာခိုင်နှုန်းရှိခဲ့သည်ဟု Quinnipiac တက္ကသိုလ် အမျိုးသားစစ်တမ်းကောက်ခံရေးအဖွဲ့တစ်ခုက ဆိုသည်။

“ အမေရိကန်မဲဆန္ဒရှင်တွေက သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ကွန်ဂရက်ကို မလုပ်ဆောင်စေချင်ကြဘူး။ အဲဒီစွပ်စွဲပြစ်တင်တဲ့ နည်းလမ်းက သမ္မတရာထူးက ပြုတ်သွားနိုင်ပါတယ်” ဟု စစ်တမ်းကောက်ခံရေး အဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး Tim Malloy က ဆိုသည်။

သို့သော်လည်း ကွန်ဂရက် အနေဖြင့် သမ္မတထရမ့်အပေါ် ပိုမိုစုံစမ်းစစ်ဆေးသင့်ကြောင်း ကို အမေရိကန်မဲဆန္ဒရှင်အများစု ၅၈ ရာခိုင်နှုန်းက သဘောတူ ထောက်ခံခဲ့ကြပြီး ၂၇ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။

အမေရိကန်နိုင်ငံ အောက်လွှတ်တော် မဲပေးပွဲအတွက် အမေရိကန်မဲဆန္ဒရှင်များသည် ရီဘတ်ပလီကန်ပါတီကိုယ်စားလှယ်လောင်းဘက်မှ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဘက်သို့ပြန်လည် ဦးလှည့်မှုသွားသည့် အရေအတွက်မှာ ၅၂ ရာခိုင်နှုန်း ထိ မြင့်တက်သွားကြောင်း ၊ ၃၈ ရာခိုင်နှုန်းမှာမူ ရီဘတ်ပလီကန်ပါတီဘက်တွင် ရှိကြောင်း စစ်တမ်းက ဆိုသည်။

အဆိုပါစစ်တမ်းက အမေရိကန်မဲဆန္ဒရှင်များအနေဖြင့် အရေးကြီးသော ကိစ္စရပ်များအပေါ် သမ္မတထရမ့်၏ ပြောဆိုချက်ထက် မီဒီယာသတင်းဖော်ပြချက်အပေါ် ပိုမိုယုံကြည်ကြောင်းသည့် အရေအတွက်မှာ ၅၄ ရာခိုင်နှုန်းထိရှိ မြင့်တက်လာကြောင်း သိရသည်။ ရီဘတ်ပလီကန်ပါတီတစ်ခုတည်းကသာ မီဒီယာထက် ထရမ့်ကို ပိုမိုယုံကြည်သည့် ပမာဏ ၇၂ ရာခိုင်နှုန်း နှင့် မယုံကြည်သည့် ပမာဏ ၁၂ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။

Quinnipiac တက္ကသိုလ်က စက်တင်ဘာ ၆ ရက် မှ ၉ ရက်အထိ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင် ၁ဝ၃၈ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်တမ်း၏ အမှားအယွင်းဖြစ်နိုင်ချေမှာ ၃.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.