Connect with us

North America

အမေရိကန်သမ္မတထရမ့် အား “ အရူးမထနဲ့” ဟု တူရကီသမ္မတ စာပြန်

၂၀၁၇ ခုနှစ် စက်တင်ဘာလ၂၁ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် (ယာ) နှင့် တူရကီသမ္မတ အာဒိုဂန်(ဝဲ) တို့ အား တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော တူရကီနိုင်ငံသမ္မတ အာဒိုဂန်က ဆီးရီးယား၌ တိုက်ခိုက်နေမှုနှင့်ပတ်သက်၍ “ အရူးထခြင်းမလုပ်ရန်” တိုက်တွန်းထားသည့် ပြန်စာတစ်စောင်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ ပေးအပ်ခဲ့သည်ဟု  နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

“ အဲဒီပြန်စာကို ဒီနေ့ညနေမှာပဲ သမ္မတထရမ့်ဆီ ပေးလိုက်တယ်” ဟု အိမ်ဖြူတော်၌ အမေရိကန်သမ္မတနှင့် ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး “ ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ စာအတိုင်းပဲ ပြန်စာ ပေးလိုက်တာပါ” ဟူ၍လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ၌ ကာ့ဒ်တပ်ဖွဲ့များအား တိုက်ခိုက်နေခြင်းကို ရပ်တံ့ရန် တိုက်တွန်းထားသည့် ပေးစာတစ်စောင်ကို အမေရိကန်သမ္မတထရမ့်က အာဒိုဂန်ထံ အောက်တိုဘာ ၉ ရက်တွင် ပေးပို့ခဲ့သည်။ 

၎င်းပေးစာ၏ အဆုံးတွင် ဒေါ်နယ်ထရမ့်က  တူရကီခေါင်းဆောင်အား “ ခေါင်းမာတဲ့လူ မလုပ်နဲ့။ အရူးမထနဲ့” ဟူ၍ ရေးသားဖော်ပြခဲ့သည်။

စာပို့ပြီး ရက်အနည်းငယ်အကြာတွင် ၎င်းပေးစာသည်  လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အများပြည်သူအကြား ပြန့်နှံ့ခဲ့ကြောင်း ၊ အဆိုပါ ရင့်သီးသော အသုံးအနှုန်းကြောင့် တူရကီပြည်သူများအကြား စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့ရကြောင်း နှင့်  ဆီးရီးယားနိုင်ငံထဲသို့ တူရကီစစ်တပ်စေလွှတ်မှုကို ရပ်တံ့ရေး အမိန့်ပေးရန် အာဒိုဂန်အား တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း  သိရသည်။

၎င်းပေးစာကို သမ္မတ အာဒိုဂန်က လက်ခံရပြီးပြီးချင်းမှာပင် “ အမှိုက်ပုံး” ထဲသို့ ပစ်ချခဲ့ကြောင်း BBC သတင်းဌာန၏ အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.