Connect with us

North America

အမေရိကန် နိုင်ငံ ရေတပ် ၏ တိုက်လေယာဉ် တစ်စင်း လေ့ကျင့် ပျံသန်းမှု ဆောင်ရွက်စဉ် အတွင်း ပင်လယ် ထဲပျက်ကျ ခဲ့ရာ လေယာဉ်မှူး ၂ ဦး သေဆုံး

အမေရိကန် နိုင်ငံ စစ်တပ် ၏ F-18 တိုက်လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရေတပ် ၏ F-18 တိုက်လေယာဉ် တစ်စင်း သည် မတ်လ ၁၄ ရက်နေ့၌ ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်း Key West မြို့ အနီးတွင် ပင်လယ်ထဲ သို့ ပျက်ကျ ခဲ့ကာ လေယာဉ် ပေါ်ရှိ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း ရေတပ် ၏ ထုတ်ပြန် ကြေညာချက် အရ သိရှိရသည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယင်းပျက်ကျ ခဲ့သည့် လေယာဉ် သည် လေယာဉ်မှူး ၂ ဦး လိုက်ပါနိုင်သည့် တိုက်လေယာဉ် အမျိုးအစား ဖြစ်ပြီး လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အတွင်း ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ၊ လေယာဉ် အနေဖြင့် Key West ရေကြောင်းလေတပ်စခန်း နှင့် ၁ မိုင်ခန့် အကွာတွင် ပင်လယ်ထဲသို့ ပျက်ကျ ခဲ့ခြင်း ဖြစ်ပြီး လေယာဉ် မပျက်ကျမီ လေယာဉ်မှူး ၂ ဦး က အသက်ကယ် စနစ်ဖြင့် ခုန်ထွက် နိုင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ရေတပ် ပြောရေးဆိုခွင့်ရှိသူ က လေယာဉ် သည် မတ်လ ၁၄ ရက်နေ့ဒေသစံတော်ချိန် ၁၆ နာရီ ၃၀ မိနစ် အချိန်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ၇ မိနစ် ပြီးနောက်တွင် ရှာဖွေကယ်ဆယ်ရေး သတိပေးချက် များ ထွက်ပေါ်လာခဲ့ကြောင်း ၊ ကယ်ဆယ်ရေး အဖွဲ့ အနေဖြင့် ၃ မိနစ် ပြီးနောက်တွင် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွား ခဲ့ပြီး လေယာဉ်မှူး နှစ်ဦး ၏ ရုပ်အလောင်း ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

Key West လေတပ်စခန်း သည် အမေရိကန် နိုင်ငံ ၏ တောင်ဘက် အစွန်ဆုံး ဒေသတွင် တည်ရှိသော ရေကြောင်းလေတပ်စခန်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.