Connect with us

North America

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် နှင့် တွေ့ဆုံပွဲ ရွှေ့ဆိုင်းဖွယ်ရာ ရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း နှင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း တို့၏ တွေ့ဆုံပွဲ အား ရွှေ့ဆိုင်းဖွယ်ရာ ရှိကြောင်း မေလ ၂၂ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ဒေါ်နယ်ထရမ့် က အိမ်ဖြူတော် ၌ အလည်အပတ် ခရီးစဉ် ဖြင့် ရောက်ရှိနေသည့် တောင်ကိုရီးယား နိုင်ငံ သမ္မတ Moon Jae-in နှင့် တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ရာတွင် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် နှင့် တွေ့ဆုံပွဲ အား သတ်မှတ်ချိန် အတွင်း ကျင်းပ နိုင်ခြင်း မရှိခဲ့ပါက ရွှေ့ဆိုင်း ဖွယ်ရာ ရှိကာ လက်ရှိချိန်တွင် ညှိနှိုင်းမှု များ ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် တွေ့ဆုံပွဲ ဖြစ်မြောက်ရေး အတွက် တောင်းဆိုမှု ပြုလုပ်ထားပြီး အမေရိကန် နိုင်ငံ ၏ တောင်းဆိုမှု မရရှိခဲ့ပါက တွေ့ဆုံပွဲ ကို ပြုလုပ်တော့မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ယခု လ ၁၀ ရက်နေ့ ၌ မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် နှင့် ဇွန်လ ၁၂ ရက်နေ့ ၌ စင်ကာပူ နိုင်ငံ တွင် တွေ့ဆုံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က မေလ ၁၆ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား ကို ဦးစွာ စွန့်လွှတ်ပြီး နောက် မှ ပြန်လည် ကူညီထောက်ပံ့မှု ပေးသည့် “လစ်ဗျား နျူကလီးယား စွန့်လွှတ်မှု ပုံစံ” ကို ဖော်ဆောင်နေခြင်း သည် တွေ့ဆုံဆွေးနွေးမှု မှ ပြဿနာ ကို ဖြေရှင်းသွားလိုခြင်းမဟုတ်ဘဲ မြောက်ကိုရီးယား နိုင်ငံ အား လစ်ဗျား နှင့် အီရတ် ကဲ့သို့ မိမိ နိုင်ငံ ၏ ကံကြမ္မာ အား အခြား နိုင်ငံ သို့ ပုံအပ်စေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား တစ်ဖက်သက် နျူကလီးယား စွန့်လွှတ်ရန် ဖိအားပေး ဆောင်ရွက်ပါက မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တွေ့ဆုံပွဲ ကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.