Connect with us

North America

အီဗန်ကာထရမ့် ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ပြုံချန်းအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲသို့ တက်ရောက်မည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အီဗန်ကာထရမ့် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အီဗန်ကာထရမ့် သည် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြုလုပ်မည့် ပြုံချန်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ထရမ့်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ အီဗန်ကာ က တောင်ကိုရီးယားခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် ဆိုးလ်မြို့ရှိ ၎င်း၏ ရုံးတွင် တွေ့ဆုံပြီး ညစာသုံးဆောင်ရန် စီစဉ်ထားကြောင်း အကြီးတန်း အိမ်ဖြူတော် တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အီဗန်ကာ သည် မြောက်ကိုရီးယားနိုင်ငံ မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းမရှိကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ပြုံချန်းဆောင်းရာသီအိုလံပစ်အားကစားပွဲအား ဖေဖော်ဝါရီ ၉ရက်မှ ၂၅ရက်အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.