Connect with us

North America

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းအား ကယ်လီဖိုးနီးယားတွင် စတင်တည်ဆောက်

အမေရိကန်နိုင်ငံ နှင့် မက္ကဆီကို နယ်စပ်ခြံစည်းရိုးတွင် တစ်ဖက် နှင့် တစ်ဖက် ဆွေမျိုးများတွေ့ဆုံနေစဉ် (ဆင်ဟွာ)

လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က အမေရိကန်နိုင်ငံအစိုးရသည် ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ အရှေ့ဘက် ၁၉၀ကီလိုမီတာ အကွာခန့် ရှိ Calexico မြို့လယ်ခေါင် အနီးမှ စ၍ နယ်စပ်တံတိုင်း အစားထိုးတည်ဆောက်မှုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ရက်ကကြေညာခဲ့သည်။

အဆိုပါ စီမံကိန်းသည် Calexico အနောက်ဆိပ်ကမ်းဝင်ပေါက် မှ Gran Plaza Outlets ဈေးဝယ်စင်တာကို ကျော်လွန်၍ အနောက်ဘက်အထိ ဧရိယာကို လွှမ်းခြုံတည်ဆောက်သွားမည်ဖြစ်ပြီး ၂.၂၅မိုင်ခန့်ရှည်လျားသော ရာသီမရွေး လမ်းမများပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဧရိယာရှိ နံရံဟောင်းအား ၁၉၉၀ပြည့်လွန်နှစ်များတွင် သတ္တုဟောင်းအပိုင်းအစများ၊ အဆောက်အအုံဟောင်း ကြမ်းခင်းများ ကိုအသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်ပြီး El Centro Sector တံတိုင်း ပြန်လည်အစားထိုးတည်ဆောက်မှုသည် နယ်စပ်ကင်းလှည့်မှု၏ အဓိကဦးစားပေး စီမံကိန်းများအနက်တစ်ခုဖြစ်ကြောင်း CBP ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရေရှည်တာရှည်ခံသော တံတိုင်းများဖြင့် အစားထိုးတည်ဆောက်မှုသည် အများပြည်သူလုံခြုံမှု နှင့် စီးပွားရေးလုပ်ငန်းများ အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် နယ်စပ်လုံခြုံရေးတစ်ခုလုံးကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထရမ်အစိုးရက လာမည့် ဆယ်စုနှစ် အတွင်း အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း အစပျိုးအဆင့်အတွင် အမေရိကန်ဒေါ်လာ ၁၈ဘီလီယံ လိုအပ်ကြောင်း ဇန်နဝါရီလက အမေရိကန်လွှတ်တော်ထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

တံတိုင်းတည်ဆောက်ခြင်း စီမံကိန်းပြီးဆုံးပါက အမေရိကန် နှင့် မက္ကဆီကို နိုင်ငံအကြား နယ်စပ်အရှည် ၃,၃၀၀ ကီလိုမီတာ ဝန်းကျင်ခန့်၏ တစ်ဝက် ၌ ၂၀၂၇ခုနှစ် မတိုင်ခင် နယ်စပ်တံတိုင်းများ (သို့) ခြံစည်းရိုးများ ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.