Connect with us

North America

အမေရိကန် နိုင်ငံ အား ဆီးရီးယား နိုင်ငံ အတွင်း ဘေးဒုက္ခများ ဖန်တီး သကဲ့သို့ မီးမကစားရန် ရုရှား နိုင်ငံ သတိပေး

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က အမေရိကန် နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း ဆောင်ရွက်မှုများသည် ဆီးရီးယား နိုင်ငံ အချုပ်အခြာ အာဏာ တည်တံခိုင်မြဲရေး အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆိုးရွားစွာ ဘေးဒုက္ခ ဖြစ်စေခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်း မီးမကစား ရန် သတိပေး ပြောကြား ခဲ့သည်။

Sergey Lavrov က အမေရိကန် အနေဖြင့် ဆီးရီးယား နိုင်ငံ ပြိုကွဲသွားစေနိုင်သော အလွန် အန္တရာယ်များ သည့် ကစားပွဲ ပုံစံ ဆောင်ရွက်မှုမျိုးကို ရပ်တန့်ရမည် ဖြစ်ပြီး ဆီးရီးယား နိုင်ငံ ၏ ရေရှည် အကျိုးစီးပွား ကို ဦးစားပေး ထည့်သွင်း စဉ်းစားကာ သတိကြီးစွာ မိမိ ၏ ဆောင်ရွက်မှု များကို ပြုလုပ်သင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် မြောက်မြားစွာသော အမှန်တရား များကို တွေ့ရှိလာသည့် အတွက် ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ဦးဆောင် သည့် မဟာမိတ် တပ်ဖွဲ့ က ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေး ဆောင်ရွက်မှု သည် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်မှု ဟုတ်မဟုတ် ကို သံသယ ဖြစ်ပွား လာစေခဲ့ကြောင်း Sergey Lavrov က ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ က ဇန်နဝါရီ လလယ်ပိုင်း တွင် ဆီးရီးယား နိုင်ငံ အစိုးရ အား ဆန့်ကျင်သည့် လက်နက်ကိုင် တပ်ဖွဲ့ နှင့် အင်အား ၃ သောင်း ခန့်ရှိ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ တစ်ဖွဲ့ ကို ဖွဲ့စည်း ခဲ့သည်။ ယင်းဆောင်ရွက်မှု အား ဆီးရီးယား ၊ ရုရှား ၊ တူရကီ ၊ အီရန် စသည့် နိုင်ငံ များက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြစ်တင် ရှုတ်ချမှုများ ဆောင်ရွက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.