Connect with us

North America

Harvey မုန်တိုင်းကြောင့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် တွင် တန်ဖိုး ဒေါ်လာ ၁၈၀ ဘီလီယံ ဆုံးရှုံးမှု ဖြစ်ပွား

Harvey မုန်တိုင်း အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် သို့ ဝင်ရောက် တိုက်ခတ် ခဲ့စဉ်(ဆင်ဟွာ)

ဟူစတန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် အစိုးရ က Harvey မုန်တိုင်းကြောင့် ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၈၀ ဘီလီယံ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည် ဟု အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။

သတင်းဖော်ပြချက် များအရ အထက်ဖော်ပြပါ ကိန်းဂဏန်း မှာ တက္ကဆက် ပြည်နယ် မှ ဖယ်ဒရယ် အစိုးရ ထံသို့ ကူညီထောက်ပံ့မှု တင်ပြစဉ် အတွင်း သိရှိခဲ့ရခြင်းဖြစ်ကြောင်း ၊ တက္ကဆက်ပြည်နယ်မှူး ဦးဆောင်သည့် ပြည်နယ် ကိုယ်စားလှယ်အဖွဲ့သည် ဝါရှင်တန် တွင် ထောက်ပံ့ကူညီကြေး အမေရိကန် ဒေါ်လာ ၆၁ ဘီလီယံ ရရှိရန် ကြိုးပမ်း နေပြီး အခြေခံ အဆောက်အဦ တည်ဆောက်ရေး တွင် အသုံးပြုသွားရန် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

Harvey မုန်တိုင်း သည် သြဂုတ်လ ၂၅ ရက်နေ့ တွင် တက္ကဆက် ပြည်နယ် ကို စတင်ဝင်ရောက် ခဲ့ခြင်း ဖြစ်ပြီး ဟူစတန် မြို့အပါအဝင် ပြည်နယ် တောင်ပိုင်း ဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွား ခဲ့သည်။ မုန်တိုင်းကြောင့် လူပေါင်း ၈၀ ကျော် သေဆုံး ခဲ့ရပြီး အိမ်ပေါင်း ၉ သောင်းခန့် ပျက်ဆီး ခဲ့ရပြီး ၎င်းတို့အနက် အိမ်ပေါင်း ၁ သောင်းခန့်မှာ ဆိုးရွားစွာ ပျက်ဆီးခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.